DIARIES (ဒိုင်ယာရီများ)
Chapter 1: :Our first page
အခန်း ၁။ ငါတို့ရဲ့ပထမဆုံးစာမျက်နှာ
လက်ဒ်ဟု အမည်ရသည့် တောင်တန်းတွေပေါ်ကမြို့လေးတစ်မြို့သည် ဆောင်းရာသီရဲ့အစမှာတောင် အပူချိန်အနှုတ်အောက်ရောက်နေပြီး တမြို့လုံးမှာနှင်းတွေဖုံးကာ အေးခဲလို့နေသည်....။
'မိုးလေဝသဌာနမှ ထုတ်ပြန်ချက်များအရ ယနေ့ညနှောင်းပိုင်းတွင် အပူချိန်ပိုမိုလျော့ကျဆင်းနိုင်ဖွယ်ရှိပြီး ၊ မြို့အတွင်းသို့ မြောက်ဘက်မှ တိုက်လိုက်လာသည့် နှင်းမှုန်တိုင်းတစ်ခု အဖျားခတ်ကာဖြတ်သန်းမည်ဖြစ်ပါသည် ။ မိမိတို့နေအိမ်အတွင်း.....'
မုန်တိုင်းသတိပေးချက်များ ထပ်တလဲလဲလာနေသည့် ရေဒီယိုကိုပိတ်လိုက်သည်။ ကားမှန်တံခါးကိုချလိုက်တော့ အရှိန်ပြင်းစွာမောင်းနှင်နေသည့် အဟုန်ကြောင့် နှလုံးသွေးတွေခဲမတတ်အေးတဲ့ လေပြေဟာ ကားထဲကိုတိုးဝင်လာသည်။
လွန်ကဲလှသည့် အအေးဓာတ်နှင့်အတူ လွင့်ကာမြောပါလာတဲ့ နှင်းပွင့်လေးများက စတီယာရင်ပေါ်က လက်အိတ်မပါသည့် လူငယ်ရဲ့လက်ပေါ်တွင် လာရောက်ခိုနားကာ ပျော်စင်းသွားကြလေသည်။ သွေးကြောတွေထဲထိ စိမ့်ဝင်ကာခဲသွားနိုင်သော နှင်းပွင့်လေးတွေရဲ့အအေးဓာတ်ကြောင့် လူငယ်၏လက်တွေမှာတဖြေးဖြေးထုံလာသည်။
နှင်းလေအေးနဲ့အတူ ခေါင်းထဲကိုတိုးဝင်လာကြတဲ့ အတွေးတွေကို လူငယ်ကသက်ပြင်းချလိုက်ရင်းတည်ငြိမ်ချင်ယောင်ဆောင်လိုက်သည် ။ တကယ်တမ်းတော့ သူလစ်လျူရှုထားနေရတဲ့အတွေးတွေနဲ့ သူ၏ရင်ထဲကအပူတွေကို သွေးတွေခဲပြီး အကြောတွေထုံစေလောက်တဲ့ လေပြင်းအေးအေးတွေရော တစ်မြို့လုံးကိုဖုံးလွှမ်းထားတဲ့နှင်းပွင့်လေးတွေကပါ မငြိမ်းချမ်းသွားစေနိုင်ပါဘူး။
လူငယ်မောင်းနှင်လာသော ပြိုင်ကားအနီလေးသည် နှင်းထုများကြားမှာ ပျောက်လုမတတ်ရှိနေသည့် လက်ဒ်မြို့ Baleတက္ကသိုလ်ကျောင်းခွဲ၏ အဓိပတိလမ်းမကြီးပေါ်ကဖြတ်ကာ လမ်းသွယ်လေးတစ်ခုကြားသို့ ဝင်လိုက်သည်။ ဗိသုကာအဆောင်ဟူသော ဆိုင်းဘုတ်အောက်မှ ကားရပ်နားသည့်နေရာတွင် ရပ်တန့်လိုက်သည်။
YOU ARE READING
DIARIES
Romanceအထက်တန်းကျောင်းသူလေးတစ်ယောက် နာမည်ကြီးကျောင်းတော်ကြီးတစ်ခုကိုပြောင်းလာခဲ့တယ်။ ကျောင်းတတ်တဲ့နေ့မှာပဲ ရန်ပွဲတစ်ခုထဲမှာဝင်ပါမိပြီး သူ့ရဲ့ဒိုင်ယာရီလေးထဲမှာ ကောင်လေးတစ်ယောက် ရောက်လာခဲ့ရာက....