DIARIES (ဒိုင်ယာရီများ)
အခန်း ၄။ မေရီ
"အ..အား...ထလို့မရတော့ဘူး"
"သူငယ်ချင်း ငါ့ကိုတွဲပါဦး..."
ညနေက အကလေ့ကျင့်ခန်းတွေကြောင့် အဖွဲ့ဝင်အသစ်များမှာ ခန်းမထဲကနေ လမ်းလျှောက်ထွက်ဖို့တောင် အနိုင်နိုင်ဖြစ်နေသည်။ ဒီနေ့လေ့ကျင့်ခန်းတွေက လူဟောင်းတွေအတွက်ဆိုရင်တောင် ပြင်းထန်ပြီး ပထမဆုံးလူသစ်တွေအတွက်ကြမ်းတမ်းလွန်းသွားခဲ့သည်။
"ငါ့ကိုသက်သက်မဲ့လုပ်တာ"
ရေဗင်က သူ့ကိုတွဲခေါ်သွားတဲ့ သူငယ်ချင်းအား မကျေနပ်စွာပြောပြလေသည်။ မျက်နှာကြီးမဲ့ရွဲ့ကာဆိုနေသောရေဗင်အား သူ့သူငယ်ချင်းကနားမလည်နိုင်စွာကြည့်၍
"ဘယ်သူက နင့်ကို ဘာလုပ်လို့လဲ"
ရေဗင်တို့က အကခန်းမထဲကနေ တရွေ့ရွေ့ထွက်လာပြီဖြစ်ရာ ခန်းမထဲမှာစာကားပြောရင်းကျန်ခဲ့သော အဖွဲ့ခေါင်းဆောင်မေရီ့ကို မျက်စောင်းထိုးရင်း
"မေရီလေ"
"ဟင်"
"ခုနက သူ့ဘဲနဲ့အီနေလို့ ငါ့ကိုသက်သက်မဲ့လုပ်တာ"
"မဟုတ်ပါဘူးဟယ်..."
ရေဗင်က တွဲခေါ်လာသော သူငယ်ချင်းကအကအဖွဲ့ဝင်ဟောင်းမို့ အဖွဲ့ခေါင်းဆောင်အကြောင်းကောင်းကောင်းသိနေသည်။ ရေဗင်ကားလက်မခံချေ။
"ဘာလို့မဟုတ်ရမှာလဲ အား...ဖြေးဖြေးလျှောက် ငါ့ပေါင်တွေတောင့်နေတယ်"
"နင်အထင်မှားနေတာပါဟ မေရီကအဲ့လိုလူမျိုးမဟုတ်ဘူး"
"ဘာမှအထင်မှားစရာမရှိဘူး...ညနေက ငါနဲ့သူ့ဘဲအီနေတာကို မျက်လုံးနီကြီးနဲ့စိုက်ကြည့်နေတာများ ချက်ချင်းထရိုက်တော့မယ့်အတိုင်းပဲ"
"ကြည့်မှာပေါ့ နင်ကလည်းဘာလို့ ဂျေဆင်နားသွားကပ်ရတာလဲ"
"သူကအရမ်းဆွဲဆောင်မှုရှိတယ်လေ...ငါ့လိုQueenတစ်ယောက်က Kingနဲ့ပဲတွဲရမယ် အဲ့တာဂျေဆင်ပဲ"
"ဟယ် မိန်းမရယ် သူမှာရည်းစားကြီးနဲ့ဟာကို"
"ရည်းစားရှိလည်းဘာဖြစ်လဲ ဖြတ်လိုက်ရင်ရတာပဲ...ငါတော့ ဂျေ့ကိုအရမ်းသဘောကျတယ်...အဲ့ဘဲက အရမ်းဆွဲဆောင်မှုရှိတယ်"
YOU ARE READING
DIARIES
Romanceအထက်တန်းကျောင်းသူလေးတစ်ယောက် နာမည်ကြီးကျောင်းတော်ကြီးတစ်ခုကိုပြောင်းလာခဲ့တယ်။ ကျောင်းတတ်တဲ့နေ့မှာပဲ ရန်ပွဲတစ်ခုထဲမှာဝင်ပါမိပြီး သူ့ရဲ့ဒိုင်ယာရီလေးထဲမှာ ကောင်လေးတစ်ယောက် ရောက်လာခဲ့ရာက....