အခန်း ၃၀။ အပြစ်သား
"သူတို့ကနေတာ cinderella ပါ မစ္စတာဂျေဆင်"
TheSunပြဇာတ်ရုံမှုးကတုန်ရီနေတဲ့အသံကိုထိန်းပြီးဂျေဆင်ဂျိမ်းစ်ကိုဇာတ်လမ်းအကြောင်းရှင်းပြနေတယ်။ the sunရဲ့ထုံစံအတိုင်း belletရာသီမွာနှစ်ပတ်တစ်ခါနိုင်ငံတကာလှည့်ပြီးပြဇာတ်ကကြသည်။ဒီနှစ်အတွက်ရွေးချယ်ထားတဲ့ပြဇာတ်က Cinderella...
"မိထွေးပါလာတဲ့အမွှာညီအစ်မနှစ်ယောက်က..."
"Cinderella ကဘာလဲဆိုတာ ငါသိတယ် "
ဂျေဆင်ဂျိမ်းစ်က ခပ်တိုးတိုးဆိုသည်။ သူ့အသံကတိုးပေမယ့်အငွေ့အသက်ကအေးစက်နေတော့ကြောက်စရာကောင်းသည်။ ပြဇာတ်ရုံမှုးသက်ပြင်းရေးရေးချမိသည်။
"ကျွန်တော်က... ဇာတ်ကြောင်းကိုပြောပြရုံပါ.."
"ခင်ဗျားယုံလားတော့မသိဘူး cinderellaကိုတကမ်ဘာလုံးမှာသုံးနှစ်ကလေးကစပြီးသိကြတယ်"
ဘေးကနေတတွတ်တွတ်ပြောပြနေတဲ့ ပြဇာတ်ရုံမှုးကိုဂျေဆင်ဂျိမ်းစ် စိုက်ကြည့်ကာရွဲ့ပြောလိုက်တော့ ပုဝိုင်းဝိုင်းခန္ဓာကိုယ်ထဲ ဇတ်ကလေးနစ်ဝင်သွားပြီးပြဇာတ်ကိုသာတိတ်တဆိတ်ဆက်ကြည့်နေတော့သည်။
ပြဇာတ်ရုံမှုးအထွန့်တတ်ပြီးဘာဆက်ပြောရမှန်းမသိတော့သလိုငြိမ်ငြိမ်နေပေးလိုက်တာကအကောင်းဆုံးဖြစ်လိမ့်မယ်လို့ထင်သည်။ ဂန်းစတားတစ်ယောက်ကိုဘယ်လိုကိုင်တွယ်ရမလဲသူမှမသိတာ...။အဆီအရစ်ရစ်နဲ့ဇတ်လေးကိုလက်နဲ့ပွတ်လိုက်တော့ချွေးတွေရွဲနစ်နေတာကိုခံစားလိုက်ရသည်။
အို...ဘုရားသခင် ပြဇာတ်ပြီးတဲ့အထိ ခေါင်းနဲ့ကိုယ်မြဲနေပါရစေ...ဟုပြဇာတ်ရုံမှုးဆုတောင်းမိသည်။
ကမ်ဘာပတ်ခရီးစဉ်ကနေ ရောင်းန်မှာကမယ့်ညအတွက် Baleရဲ့မစ္စတာဘလိတ်ကို the sunပြဇာတ်ရုံမှုးကဝတ္တရားမပျက်တမ်းဖိတ်ခေါ်ခဲ့ပေမယ့်။အော်ပရာသာစိတ်ဝင်တစားကြည့်လေ့ရှိတဲ့မစ္စတာဘလိတ်ကသူ့အစားလူကြီးမင်းတစ်ယောက်ကိုလွှတ်လိုက်ပါမည်ဟုအကြောင်းပြန်သည်။ လူကြီးမင်းဆိုလို့ နိုင်ငံတော်အကြီးအကဲတွေအထိပြဇာတ်ရုံမှုးကအများကြီး မျှော်လင့်ထားမိသည်။
ESTÁS LEYENDO
DIARIES
Romanceအထက်တန်းကျောင်းသူလေးတစ်ယောက် နာမည်ကြီးကျောင်းတော်ကြီးတစ်ခုကိုပြောင်းလာခဲ့တယ်။ ကျောင်းတတ်တဲ့နေ့မှာပဲ ရန်ပွဲတစ်ခုထဲမှာဝင်ပါမိပြီး သူ့ရဲ့ဒိုင်ယာရီလေးထဲမှာ ကောင်လေးတစ်ယောက် ရောက်လာခဲ့ရာက....