အခန်း ၃၃။ မင်းရဲ့မျက်လုံးထဲကညအမှောင်လေး
"ဇီ...မှန်မှန်ပြောနင်ဘာဖြစ်နေတာလဲ"
မြကဇီ့စားပွဲခုံကိုလက်နဲ့ရိုက်ရင်းအော်လိုက်သည် ။ အော်တယ်ဆိုတာကလည်းမြကအသံကျယ်ကျယ်နဲ့ပြောတတ်လို့အော်တယ်လို့ထင်ရခြင်းဖြစ်သည် ။ အတန်းထဲကလူတွေကတော့ အကျင့်ဖြစ်နေပြီးမြအသံကျယ်ကျယ်ပြောလည်းစိတ်ဝင်စားမယ့်သူမရှိပါဘူး။ သူတို့အလုပ်နဲ့သူတို့တောင်ရှုပ်နေကြတာ ။ အအော်ခံလိုက်ရတဲ့ဇီကတော့ရှက်ပြီးမြကိုတိုးတိုးပြောဖို့အမူအရာနဲ့လုပ်လိုက်ရသည် ။ မြကဇီ့ကိုအရွဲ့တိုက်ကာ ကပ်၍တိုးတိုးလေးပြောလာသည်။
"တနေကုန်အတွေးလွန်နေတာဘာဖြစ်နေတာလဲလို့"
မြနားကနေဇီနောက်ကိုဆုတ်လိုက်တော့ ပုံစံငယ်လုပ်နေတဲ့အစ်ကိုမိုးကိုသွားပြီးတိုက်မိသည် ။
"Sorryအစ္ကိုမိုး"
အစ်ကိုမိုးကလက်ထဲကသစ်သားတွေကိုပစ်ချလိုက်ပြီးခါးထောက်လိုက်သည်။ ဒီတစ်ခါတော့အကုန်ကြောက်ရတဲ့စီနီယာအစ်ကိုကြီးမို့ဘာတွေဆူတော့မလဲဆိုပြီး တစ်ခန်းလုံးကဇီတို့ကိုကြည့်လာပြီ။ အစ်ကိုမိုးကအခြားလူတွေကိုလက်ခါပြရင်းဂရုမစိုက်ဖို့အချက်ပေးသည်။
"ကဲ...မြမေးတာကိုသာဖြေလိုက်တော့..ဇီ နင်ဒီနေ့တစ်နေ့လုံးဘာဖြစ်နေတာလဲ မနက်ကလည်းကျောင်းနောက်ကျတယ် တွေးချင်ရာတွေတွေးပြီးပြောတာကိုမကြာဘူး"
အစ်ကိုမိုးကပါဝင်ပြောနေတော့ဇီခေါင်းငုံ့ထားလိုက်ရသည်။ အစ်ကိုမိုးကတော်ရုံဆိုဆူတာမဟုတ်ဘူး။ ဆူရင်လည်းကြောက်ရသည်။ သူတို့ပြောလည်းဇီခံရမှာပဲဒီနေ့တစ်နေ့လုံးလုပ်နေတဲ့ဆီ စိတ်မပါဘူးဖြစ်နေသည် ။
ရှိန်းအကြောင်းကပဲဇီခေါင်းထဲမှာရောက်နေသည်။ မနေ့ညကသူရဲ့အသက်ရှုသံတွေ၊ သူ့ရဲ့ကိုယ်သင်းရန့ံနဲ့ အနွေးဓာတ်တွေအကြောင်းပေါ့။
"ဇီ....စာမေးပွဲနီးလို့ပါ"
ဇီလိမ်လိုက်တာကိုတကယ်ထင်ပြီးမြကဇီ့ပုခုံးကိုဖတ်ကာနှစ်သိမ့်လာသည် ။ ပုံမှန်ဆိုရင်လည်းဇီစာမေးပွဲနီးရင်ဒီလိုဖိအားတွေပိပြီးစိတ်ဓာတ်ကျနေကြဆိုတာတစ်လျှောက်လုံးပေါင်းလာတဲ့မြကကောင်းကောင်းသိလောက်သည်။ ကျောကိုဖြေးဖြေးပုတ်နေရင်းမြကဇီ့ပုခုံးကိုအားနဲ့ဖိလိုက်သည်။
ВЫ ЧИТАЕТЕ
DIARIES
Любовные романыအထက်တန်းကျောင်းသူလေးတစ်ယောက် နာမည်ကြီးကျောင်းတော်ကြီးတစ်ခုကိုပြောင်းလာခဲ့တယ်။ ကျောင်းတတ်တဲ့နေ့မှာပဲ ရန်ပွဲတစ်ခုထဲမှာဝင်ပါမိပြီး သူ့ရဲ့ဒိုင်ယာရီလေးထဲမှာ ကောင်လေးတစ်ယောက် ရောက်လာခဲ့ရာက....