အခန်း ၂၈။ငရဲပြည်မှနန်းတတ်ပွဲ ၂
မနေ့ညကဆေးအရှိန်တွေကြောင့်မနက်မိုးလင်းလာတော့ဂျေဆင်ဂျိမ်းစ်ခေါင်းတွေကိုက်ခဲနေသည်တကိုယ်လုံးလည်းနုံးချိကာရီဝေဝေကြောင်တောင်တောင်နှင့်...ကိုယ်ပေါ်မှာပိနေတဲ့စောင်တွေကိုဖယ်ထုတ်ရင်းထထိုင်လိုက်သည် ။ ဘေးမှာအဝတ်စလစ်နဲ့မိန်းမနှစ်ယောက်ကအိပ်ပျော်နေကြတုန်းဂျေဆင်ဂျိမ်းစ်သူတို့နှစ်ယောက်ကိုတွန်းဖယ်ပြီးအိပ်ရာပေါ်ကဆင်းလာလိုက်သည် ။
ရေချိုးခန်းထဲကမှန်မှာမြင်နေရတဲ့မျက်နှာကမျက်ကွင်းတွေကျပြီးစုတ်ပြတ်နေတာပဲ ။ းမျက်နှာသစ်ပြီးလန်းဆန်းသွားအောင်ရေချိုးလိုက်သည်။ရေချိုးခန်းကထွက်လာတဲ့အထိအိပ်ရာပေါ်ကမိန်းမတွေကမထနိုင်ကြသေးဘူး ။ ဂျေဆင်ဂျိမ်းအဝတ်စားမလဲနိုင်သေးပဲအခန်းထဲကထွက်လာလိုက်သည်။
အခန်းရှေ့မှာရိန်းကကော်ဖီတစ်ခွက်နဲ့စောင့်နေသည်။အရင်နေ့တွေကသက်တော်စောင့်တွေကိုရွးရတော့အသက်ဆယ့်ကိုးနှစ်သာရှိသေးတဲ့လူပျိုစစ်စစ်လေးရိန်းကိုဂျေဆင်ဂျိမ်းစ်စိတ်ဝင်စားလို့ထည့်ရွေးလိုက်သည်။ဂျေဆင်ဂျိမ်းစ်ဆိုတာတစ်ယောက်ယောက်ကိုစနောက်နေရမှနေသာထိုင်သာရှိတာမို့။
ရိန်းလက်ထဲကကော်ဖီခွက်ကိုယူလိုက်ပြီးမျက်နှာထားတင်းတင်းနဲဲ့သူ့ကိုပြောလိုက်သည်။
"အခန်းထဲမှာ...မနေ့ညကမိန်းမတွေရှိနေတုန်းပဲ မနက်မိုးလင်းလာရင်ငါသူတို့ကိုမမြင်ချင်တော့ဘူး…"
"ဟုတ်ကဲ့"
ဂျေဆင်ဂျိမ်းအသံကိုတမင်မာထားလိုက်ပြီး
"မင်းအဲ့တာဘာလုပ်မှာလဲနောက်ကို..."
ရိန်းကအသံတွေတုန်လာကာ
"သခင်မနိုးခင်သူတို့ကိုထွက်သွားခိုင်းပါ့မယ်"
"ငါမနိုးခင်မဟုတ်ဘူးညဘက်ကိစ္စပြီးတာနဲ့ထွက်သွားခိုင်း…"
"ဟုတ်ကဲ့ပါ!"
"မင်းညကဒီအရှေ့မှာပဲစောင့်နေတာလား"
"မဟုတ်...အစ်ကိုကြီးလူး စောင့်တာပါ"
နည်းနည်းတောင်အပြောမခံရသေးပဲငိုမဲ့မဲ့ဖြစ်နေတဲ့ဒီကောင်လေးကသက်တော်စောင့်တဲ့ ဂျေဆင်ဂျိမ်းကိုယ့်အနာဂါတ်ကိုကိုယ်တွေးရင်းရင်လေးမိတယ်။ကော်ဖီကိုတစ်ငုံသောက်လိုက်ပြီးမှ
ESTÁS LEYENDO
DIARIES
Romanceအထက်တန်းကျောင်းသူလေးတစ်ယောက် နာမည်ကြီးကျောင်းတော်ကြီးတစ်ခုကိုပြောင်းလာခဲ့တယ်။ ကျောင်းတတ်တဲ့နေ့မှာပဲ ရန်ပွဲတစ်ခုထဲမှာဝင်ပါမိပြီး သူ့ရဲ့ဒိုင်ယာရီလေးထဲမှာ ကောင်လေးတစ်ယောက် ရောက်လာခဲ့ရာက....