Chapter 26: :Living in the Present

202 13 0
                                    

အခန်း ၂၆။ပစ္စုပ္ပန်တည့်တည့်၌ရှုနေခြင်း

  

အချိန်ကအရမ်းစွမ်းအားကြီးတဲ့လက်နက်တစ်ခုလို့ပြောကြတယ်။ အချိန်ရဲ့တိုက်စားမှုမှာအရာအားလုံးပြောင်းလဲသွားကြတယ်၊ မှေးမှိန်လာတယ်၊ နောက်တော့ပျောက်ကွယ်သွားတယ်။ အလှဆုံးအပြုံးတွေနဲ့ ခမ်းနားတဲ့အချစ်တွေ၊ ကြီးကျယ်တဲ့အမုန်းတွေတောင် အချစ်ကြောင့်ယိုယွင်းသွားရသတဲ့။

တကယ်ပဲ ​စွဲလမ်းမှုနဲ့ အရိုးထဲထိစွဲမြဲနေခဲ့တဲ့အကျင့်တွေ ရော အချိန်​ကြာလာရင် အဆုံးသက်သွားမှာလားလို့မေးကြည့်ချင်တယ် ။ ဒါဆိုရင်တော့အချိန်ကcollateral beautyဆိုတဲ့ ရုပ်ရှင်ထဲကဆိုသလို တန်ဖိုးအရှိဆုံးလက်ဆောင်ပဲပေါ့။

အမှတ်တရတွေနဲ့နာကျင်မှုတွေမှာ​ အမာရွတ်တွေကျန်ခဲ့တဲ့အခါ ဒီအဆိုကိုသံသယရှိလာ​​​ပြန်မိတယ်။ အမာရွတ်တွေဟာအချိန်ကြောင့်မပျောက်ပျက်သွားနိုင်တဲ့အရာတွေလား ။ တိုက်ဆိုင်မှုတွေနဲ့တွေ့ဆုံတိုင်း အမှတ်တရတွေကိုသတိရနေတာကသူ့ကိုမှေးမှိန်သွားစေဖို့အချိန်လိုနေသေးတာလား။ 

ဘယ်လောက်ထိလိုမှာလဲ...။ ဘဝသက်တမ်းတစ်လျှောက်လုံးလား....။

မှောင်မိုက်နေတဲ့ အခန်းကြီးထဲမှာ မေရီကနေပြန်သည်။ အမှောင်ထုကြီးသာစိုးမိုးထားတဲ့ဒီအခန်းကြီးထဲမှာ ကြောက်စိတ်ကြောင့်ရင်တွေတုန်ကာမောပန်းနေပေမယ့်၊ ကကွက်တစ်ခုကိုပုံဖော်တိုင်း လေထဲပျံဝဲနေသလိုအတိုင်းမသိအောင်ပျော်နေမိပြန်သည်။ 

နောက်တော့သံစဉ်တွေရပ်တန့်သွားတယ်။ ကကွက်​​တွေကပြောင်းကပြန်ဖြစ်ကုန်တယ် ။ ကကွက်တွေကသံစဉ်တွေရဲ့အလိုကျမဟုတ်နိုင်တော့မေရီကခုန်လိုက်တိုင်းခြေထောက်တွေကနာရ​​ပြန်တယ်။

 ဒီသံစဥ်​တွေနောက် အမှီလိုက်နိုင်ဖို့ကြိုးစားပြန်တော့ ထိခိုက်ရတော့တယ်။ မေရီချော်လဲသွားပြီး မေရီခြေထောက်တွေကအဝတ်စိုကိုရေညှစ်လိုက်သလို ကွေးလိမ်ကာသွေးတွေကျလာတယ် ။ သွေးတွေအိုင်အလယ်မှာလဲကျနေရင်း ကုန်း​​မြေပေါ်မှာသေရတော့မယ့်ငါးလေးနစ်ကောင်လို တလှပ်လှပ်ခုန်ရင်း မေရီအရမ်းကြောက်နေတယ် ။ 

DIARIES Onde histórias criam vida. Descubra agora