Diaries (ဒိုင်ယာရီများ)
အခန်း ၂၃။ ငါနင့်ကိုအဆုံးထိကာကွယ်ပေးထားမယ်
"ဒီနှစ်the sun stageကမေရီ့အတွက်ဆို"
လှည့်ကြည့်လိုက်တော့ တွမ်က မေရီ့အနောက်မှာ ရောက်နေသည် ။ အကလေ့ကျင့်နေတာကိုရပ်လိုက်ပြီး သူ့ဆီသွားလိုက်သည်။
"တွမ်လည်းလာခဲ့နော်" ဆိုတော့ သူကပြုံးပြီး ခေါင်းငြိမ့်သည် ။
"ပန်ချီကား လက်စသက်ပြီးသွားပြီ Drawing club ကိုမအပ်ခင်မင်းကြည့်ချင်ဦးမလားလို့"
"ပြီးသွားပြီလား..."
"အင်း.."
"ကြည့်မှာပေါ့..."
"လိုက်ခဲ့လေ"
သူ့ရဲ့ပန်းချီခန်းက မေရီတို့အကခန်းနဲ့ သိပ်မဝေးတော့ ပစ္စည်းတွေ သိမ်းပြီးပန်းချီကားကြည့်ဖို့ သူနဲ့လိုက်သွားလိုက်သည် ။ ပန်းချီအခန်းထဲမှာ ဘယ်သူမှမရှိတော့ဘူး။ တွမ့်ရဲ့နေရာမှာ ပိတ်ဖြူစနဲ့အုပ်ထားတဲ့ ကားချပ်တစ်ခု ထောင်ထားသည်။ မေရီဖွင့်ကြည့်ဖို့လုပ်တော့ တွမ်က
"ခဏလေး မေရီ...."
"ဘာလို့လဲ တွမ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိဘူးလား"
မေရီစလိုက်တော့ တွမ်ကရယ်သည်။ ခေါင်းငြိမ့်သည်။ တွမ်ကသူ့ကိုယ်သူထင်ထားတာထပ် ပိုပြီးတော်တဲ့လူဖြစ်သည်။ တည်ငြိမ်ရင့်ကျက်ပြီး အရာရာကို အေးဆေးစွာ ကိုင်တွယ်ဖြေရှင်းနိုင်သည်။ ယုံကြည်ချက်လေး သူ့မှာရှိရင် သိပ်ကောင်းမှာပဲလို့ အားမလိုအားမရဖြစ်မိသည်။
"ဒီကားပော်မှာ ဘာပဲရှိရှိ မေရီအမှန်တိုင်းဝေဖန်ပေးမယ်..."
"အင်း..."
"အဲ့တာဆိုဖွင့်လိုက်မယ်နော်"
ခရမ်းပြာရောင်နှင့် အနက်ရောင်များရောထားသည့် မှောက်မိုက်တဲ့ နောက်ခံထဲ ဆွဲဆောင်မှုရှိသည့် ဂါဝန်အပြာရောင်လေးနဲ့မေရီက တော်ဝန်ပန်းချီကားထဲကမိန်းမလှလေးတစ်ယောက်လိုရှိနေသည်။ မေရီ့ပုံက အဲ့လောက်တောင် လှသလားလို့တွေးမိပြီဒ ဒါဟာမေရီ့ပုံပါလို့ ကိုယ့်ကိုယ်တောင်မယုံနိုင်ဖြစ်မိတဲ့အထိလှပေသည်။ မိတ်ကပ်တွေမပါ။ ဟန်ဆောင်မှုတွေမပါပဲ စစ်မှန်တဲ့မေရီ့မျက်နှာကိုတွေ့နေရသည်။ မှန်ထဲက ပုံရိပ်မှာတောင် မေရီ့ပုံဟာ ဒီလောက်စစ်မှန်လိမ့်မည်မထင်ပါ။ အလင်းရောင်ကို မျှော်လင့်စောင့်စားနေဟန်မျက်လုံးတွေက တမန်တော်အကြိုကိုစောင့်နေတဲ့ အားနွဲ့တဲ့ဝိဥာဉ်ငယ်လေးတစ်ကောင်ကဲ့သို့...
YOU ARE READING
DIARIES
Romanceအထက်တန်းကျောင်းသူလေးတစ်ယောက် နာမည်ကြီးကျောင်းတော်ကြီးတစ်ခုကိုပြောင်းလာခဲ့တယ်။ ကျောင်းတတ်တဲ့နေ့မှာပဲ ရန်ပွဲတစ်ခုထဲမှာဝင်ပါမိပြီး သူ့ရဲ့ဒိုင်ယာရီလေးထဲမှာ ကောင်လေးတစ်ယောက် ရောက်လာခဲ့ရာက....