Chapter 40: :Dearest

348 5 1
                                    

Chapter 40:: Dearest

  

"မောင်..."

အလုပ်စားပွဲနဲ့စာရွက်စာတမ်းတွေကြားကနေအသံလာရာကိုရှိန်းမော့ကြည့်လိုက်သည် ။ ​စားပွဲ​ရှေ့ကအမျိုးသမီးအားမြင်လိုက်ရသည်နှင့် မျက်လုံးများကျယ်သွားပြီး ထိုင်ခုံ​နေရာက​နေထလိုက်ရသည်။ 

"ချားလော့ထ်! ?"

မကြာခင်ရောက်လာမယ်လို့ထင်ထားပေမယ့် ဒီလောက်စောစောစီးစီးရောက်လာမယ်လို့တော့ ရှိန်းမထင်ထားခဲ့ဘူး။ ချားလော့ထ် ကအဖြူရောင်ရှပ်အကျႌကို ရင်ဘက်ကြယ်သီးနှစ်လုံးလောက်ဖြုတ်၀တ်ထားသည်။ ဝင်းမွတ်နေတဲ့အသားရည်ပေါ်က ရွှေအိုရောင်ပုလဲဆွဲကြိုးလေးက ကျက်သ​ရေရှိလှတဲ့သူ့ရဲ့သ​​​ကေင်္တလိုပဲ နှုတ်ခမ်းနီရဲရဲနှင့်အမြင်မရိုင်းပဲ တင့်တယ်နေတာ သူသာရှိမည်ထင်သည် ။

“ထိုင်ပါ…”

“​မောင့်ရုံးခန်းက ခန်းနားလိုက်တာ…​မောင်ကဒီလို​နေရာနဲ့မှလိုက်တာ”

ရှိန်းသူ့ကိုထိုင်ခုံမှာထိုင်ဖို့ညွှန်လိုက်သည်။ကိုယ်တိုင်လည်းနေရာကထလာပြီးချားလော့်ထ်နဲ့မျက်နှာချင်းဆိုင်မှာဝင်ထိုင်လိုက်သည် ။ ချားလော့ထ်က သွယ်လျှတဲ့ခြေထောက်တွေကိုဟန်ပါပါချိတ်ကာထိုင်ရင်း ရှိန်းကိုကြည့်လာသည်။

"မောင်...ဆံပင်ရှည်နဲ့ ကြည့်မကောင်းဘူးကွာ.."

"ဟုတ်လား"

“ဆယ်​ကျော်သက်က​လေးမှမဟုတ်​တော့ပဲ ဆံပင်ကို သပ်သပ်ရပ်ရပ်​လေးညှပ်ပါဦး”

ချားလော့ထ် ကရှိန်းကိုပြုံးပြုံးလေးကြည့်နေသည်။ ထိုမျက်ဝန်းတွေမှာ ဂုဏ်ယူနေသည့်အငွေ့အသက်များဖြင့်ပြည့်လျှမ်းနေသည်။ 

"မောင်က…သိပ်တော်တာပဲ။ ​မောင့်သတင်း​တွေကို အမြဲစိတ်၀င်တစား​​​စောင့်ကြည့်ဖြစ်တယ်…တ​နေ့​နေ့ဒီလောကကို မောင်ကိုင်လှုပ်နိုင်မှာလို့ မ အတပ်သိနေတယ်​လေ"

ရှိန်းကပြုံးကာခေါင်းခါသည်။

"မင်းပြောသလောက်လည်းကိုယ်ကအဖြစ်မရှိသေးပါဘူးချာလီရယ်"

DIARIES Where stories live. Discover now