Chapter 20: :His possession

187 7 0
                                    


Diaries (ဒိုင်ယာရီများ)

အခန်း ၂၀။ သူတစ်ယောက်သာပိုင်ဆိုင်သော

ဇီနဲ့ညစာစားပြီး သရဖီက ​မေရီ့ကိုအိမ်ပြန်လိုက်ပို့သည် ။ အခုချိန် ဇီတစ်ေ၊က်တည်း ဘယ်လောက်ခံစားနေရမလဲ ဇီ့ကိုကူရာကယ်ရာမဲ့​နေတဲ့ အခြေနေက​နေ အမြန်ဆုံး သက်သာသွား​စေချင်သည်။ ဒီလိုညစာတူတူစားရင်း ​မေရီ​ကြောင့် သူပင်ပန်းနေရတာတွေ ခဏ​မေ့ပြီး ညစာစားနေတုန်း သူခဏလေးပျော်ရွှင်ရဖို့ မျှော်လင့်ခဲ့ပါသည်။

မေရီကိုယ်တိုင်လည်း ​မေရီ့ရဲ့ ​မေမေနဲ့ဖေဖေကို တပြိုင်နက် ဆုံးရှုံးသွားခဲ့ရဖူးတာမို့လို့ အလင်းရောင်မဲ့သလိုဖြစ်နေမယ့် ဇီ့ခံစားချက်တွေကို ​ကောင်းကောင်းနားလည်သည်။

ဆပ်ပြာမြုပ်တွေထဲမှာစိမ်​နေရင်း မေရီကြိုးစားပြီး မေ့ထားရတဲ့ ဖြစ်ရပ်ဆိုးကြီးတွေကို တစ်ခါပြန်တွေးနေမိသည်။ ဆိုးဝါးတဲ့အရာတွေကိုလည်း တစ်ခါတလေတွေးဖြစ်ဦးမှ မမေ့မှာလေ။ မေရီ့ဘဝကို ​ပြောင်းလဲပစ်လိုက်တဲ့ ဖြစ်ရပ်တွေကို ​မေရီမမေ့သွားချင်ဘူး ။ မေ့ထားတဲ့ကိစ္စတွေကိုလည်း ပြန်သတိမရချင်​တော့ပါဘူး....။

"အား! ! !"

အတွေးနယ်လွန်နေတဲ့အချိန် ​မေရီ့ပုခုံး​ပေါ် လက်တစ်စုံ​ရောက်လာ​​တော့ မေရီလန့်ပြီးလှည့်ကြည့်လိုက်သည်။

"မေ...? ဘာလို့အရမ်းလန့်သွားတာလဲ"

ဂျေ့ကိုမြင်တော့မှ ​မေရီစိတ်အေးသွားရသည်။

"ဟင့်အင်း..မေအတွေးလွန်နေတာ..."

"ပင်ပန်းနေတာလား...ကိုကိုနှိပ်ပေးမယ်"

ဂျေက ​ရေချိုးကန်ခေါင်းရင်းနားက ခုံမှာထိုင်လိုက်ပြီး ​မေရီ့ပုခုံးတွေကို ဖွဖွ​လေးနှိပ်ပေးသည်။

"ဇီနဲ့တွေ့ခဲ့တယ်ဆို ပျော်ခဲ့ကြလား"

"အင်း...ဇီအရမ်းခံစားနေရမှာဂျေရယ်.."

"​နောက်လည်းကိုယ်တို့ညစာထွက်စားရင် သူ့ကိုပါအတူခေါ်မယ်လေ..."

"အင်း...ခေါ်ရအောင်ပါ"

မေရီသက်ပြင်းရေးရေး ခိုးချမိတာကို ​ဂျေမိသွားသည်။ ​ဂျေက ​မေရီ့ပုခုံးပေါ်မှီရင်း ​မေရီ့ကိုယ်​လေးကို ​ပွေ့ဖက်လာသည်။

DIARIES Where stories live. Discover now