Chapter 37: :Nightmares

202 7 0
                                    

အခန်း ၃၇။ အိမ်မက်ဆိုးများ

ဇီကျောင်းတတ်နေတဲ့အချိန်တွေဆို မေရီကမြို့ထဲမှာတစ်ယောက်တည်းလျှောက်လည်နေပြီး သူပြန်လာရင် အိမ်မှာဟင်းတွေချက်ပေးထားတယ်။ ဇီအားတဲ့နေ့တွေဆို ဇီတို့အတူလျှောက်လည်ကြသည် ။ ဒီခေတ်ကြီးမှာဇီမသိလိုက်ပဲလွတ်သွားတဲ့ဟာတွေကိုမေရီကပြောပြသည်။ ဇီနဲ့လိုက်မယ်ထင်တဲ့အဝတ်စားဝတ်ပုံတွေလည်းပြောပြသည် ။ မိတ်ကပ်ဘယ်လိုပြင်ရမလဲ၊ ဆံပင်တွေကိုဘယ်လိုထိန်းသိမ်းရမလဲ၊ အသားရည်ထိန်းသိမ်းတာကအစ၊ ခြေသည်းလက်သည်းအထိသူအကုန်ပြောပြသည် ။ မေရီနဲ့နေရတဲ့ ရက်တွေမှာ ဇီ့ကိုယ်ကိုယ် မိန်းကလေးတစ်ယောက်လို့ပိုခံစားလာခဲ့ရပြီး

တကယ့်ကိုပျော်စရာကောင်းလွန်းပါသည် ။

မေရီကပြောသည် ဇီရောင်းန်ကိုလာရင်အတူတူအိမ်ငှါးနေကြမည်တဲ့..၊ ဒါဆိုတွမ့်ကိုဘယ်မှာထားမလဲဆိုတော့ ရယ်နေသည်။ တွမ့်ရဲ့အလွဲတွေကိုတတွတ်တွတ်ပြောကာသဘောကျနေတော့...မေရီစိတ်ချမ်းသာတယ်ဆိုရင်ဇီလည်းဝမ်းသာပါသည်၊ တွမ့်အတွက်လည်းဝမ်းသာမိပါသည် ။

ဒီနေ့တော့မေရီကကုမ္မဏီညစာစားပွဲဆိုပြီးညနေတည်းကထွက်သွားရသည်။ ဇီတစ်ယောက်တည်းအိမ်မှာကျန်ခဲ့ရတယ်။ အဖော်တစ်ယောက်ရှိနေပြီးမှ တစ်ယောက်တည်းပြန်ဖြစ်သွားရတာ နည်းနည်းတော့ဝမ်းနည်းစရာကောင်းသည် ။ ဒါပေမယ့်လည်းဇီအကြာကြီးဝမ်းမနည်းလိုက်ရပါဘူး။

ညစာစားပြီးသားပန်းကန်တွေဆေးနေတုန်း ကိုကိုရောက်လာသည် ။ ကိုကိုကမီးဖိုခန်းတံခါးဘောင်ကိုမှီရင်းဇီ့ကိုရပ်ကြည့်နေသည်။ ရုတ်တရက်ကိုကို့ကိုမြင်လိုက်ရတော့ဇီလန့်သွားပြီးလက်ထဲကပန်းကန်တွေတောင်လွတ်ကျတော့မတတ်ပဲ။

"ကိုကို!!အသံမပေးပဲအဲ့လိုကြီးရပ်နေလို့မရဘူးလေ လန့်လို့သေတော့မှာပဲ"

ကိုကိုကသူ့လက်ထဲကအိတ်အမဲကိုမြှောက်ပြတယ်။

"ဘာတွေလဲ.."

ဇီပန်းကန်တွေမြန်မြန်သိမ်းပြီးကိုကို့နားပြေးသွားလိုက်တယ် ။ ဇီကြိုက်တဲ့သွားရေစာတွေ

"ကိုကို...အများကြီးဝယ်လာတာပဲ"

ကိုကိုကဇီ့ခေါင်းကိုပုတ်ကာ

DIARIES Where stories live. Discover now