Chapter 14: :Don't stay away from me

166 9 0
                                    

Diaries (ဒိုင်ယာရီများ)

အခန်း ၁၁။ အဝေးမှာမနေပါနဲ့

တနင်္လာနေ့ထပ်ရောက်လာပြန်ပြီ...။ စနေနေ့က ဇီဘာလို့ အရူးတစ်ယောက်လိုထွက်ပြေးခဲ့ရတာလဲလို့ ကိုယ့်ကိုယ်ကိုယ်ပြန်မေးနိုင်ပြီ ။ အထိခိုက်လွယ်ပေမယ့် နှလုံးသားလေးထဲကဒဏ်ရာတွေက မြန်မြန်ပျောက်ကင်းနိုင်သေးလို့တော်သေးသည် ။

အချစ်..??? သူကအသားထဲကို လှိုက်စား​နေတဲ့ပိုးလိုပဲ ကြာကြာထားလေကိုယ့်ခန္ဓာကိုယ်နဲ့ ဝိညာဉ်ကိုပျက်စီးစေလေပဲ ။ အခုချိန်မှာ ဇီ့ကိုကယ်တင်နိုင်မယ့် တစ်ခုတည်းသောဆေးက ရှိန်းနဲ့ဝေးဝေးနေရမည် ။ နောက်ပြီးရှိန်းအကြောင်းတွေမတွေးနဲ့ ။ သူရဲ့ ကြောက်စရာကောင်းတဲ့ မျက်လုံးတွေအကြောင်းလည်းမတွေးနဲ့ ၊ သူ့နှုတ်ခမ်းတွေကို စိတ်ကူးယဉ်ပြီးချိုမြိန်မယ်လို့ထင်​နေတဲ့ အနမ်းတွေအကြောင်းလဲမတွေးနဲ့ ။

အို...ဘုရားရေ ဇီအခုတောင်ဒီလောက်နာကျင်နေရပြီ...။ သူကဇီ့အတွက်မဖြစ်နိုင်ဘူး ။ ဇီနဲ့မကိုက်ညီဘူး ။ ဇီလည်းသူ့ကိုမကြိုက်ဘူး ။ ရန်ဖြစ်လို့မကြိုက်ဘူး၊ အကျင့်ပုတ်လို့မကြိုက်ဘူး။ သူကဘယ်လောက်ဆိုးသလဲ အာဏာသုံးပြီး တွမ့်ကိုအတန်းချပစ်တယ်၊ အန်ထ့်ကို နှိပ်စက်တယ်လေ။ ဇီ့ကိုခရစ္စပေးတဲ့နှင်းဆီပန်းတွေပေါ်လည်းတတ်နင်းသွားတယ်။ သူကဘူလီတစ်ယောက်ပဲ၊ လောကကြီးမှာ အဆိုးဆုံးလူသားတစ်ယောက်။ 

ကျောင်းရောက်သည်နှင့်လုပ်ရမှာက အတန်းထဲကိုပဲတည့်တည့်မတ်မတ်သွားဖို့ ၊ ပြီးရင်နေရာမှာထိုင်မည် ။ စာသင်မည် ၊ အား​နေရင် စာအုပ်ဖတ်မည်။ ဘာအကြောင်းနဲ့မှ အတန်းပြင်ကိုမထွက်နဲ့၊ မုန့်စားဆောင်လည်းမသွားနဲ့ သန့်စင်ခန်းလည်းမသွားနဲ့ ဇီ့ဖင်ကိုခုံနဲ့ကပ်ထားရမည်။

သရဖီတို့ရောက်လာတော့ စနေနေ့ညနေက ဇီဘာလို့အစောကြီးပြန်သွားတာလဲလို့မေးကြသည် ။ ဇီ့ကိုယ်ဇီတောင် စည်းကမ်း​တွေအများကြိးချပြီး ပြိုလဲမသွားအောင် ထိန်းနေရတဲ့ကြားက အလိမ်ညာစကားတွေကို ဘယ်လိုလုပ်ပြီးပြောထွက်လိုက်လဲမသိတော့ဘူး ။ ခပ်တည်တည်နဲ့ပဲ မေမေကဇီ့ကိုဖုန်းဆက်ခေါ်လို့ပါလို့ပြောလိုက်မိသည်။

DIARIES Where stories live. Discover now