DIARIES (ဒိုင်ယာရီများ)
အခန်း ၉။ အိမ်မက်ဆိုးတွေကနေလွတ်မြောက်ဖို့
ဘယ်တုန်းကစခဲ့တာလဲ။ အစ....အစ...အစ?? အရာအားလုံးမှာ အစတစ်ခုတော့ရှိမှာပါ ။ ဘယ်ကစခဲ့တာလဲ ကိုယ်တိုင်လည်းမမှတ်မိတော့ဘူး။ ငါဟာရှင်သန်နေပါလားလို့ သိခဲ့တည်းက အမြဲတမ်းလိုအပ်ချက်တစ်ခုရှိနေတယ်လို့ ခံစားခဲ့ရတာပဲ။
မျက်လုံးတွေမှိတ်ပြီး အော်ရယ်မိရင် ငါ့ကိုအမှောင်ထုကြီးက ဝန်ရံထားတယ်ဆိုတာခံစားနေရတယ်။ ဗနီလာချိုချိုအရသာလျှာဖျားပေါ်မှာစိမ့်ဝင်သွားတဲ့အချိန်မှာ အရာအားလုံးဆုံးရှုံးပျက်ဆီးတော့မယ်ဆိုတာ သိနေတယ်။ ငါ့အသက်ရှုသံတွေကိုသတိထားမိတဲ့အချိန်မှာ မွန်းကြပ်လာတယ်။
ကိုယ့်ကိုယ်ကိုယ် အခြားလူတွေနဲ့ကွဲခြားနေပြီလို့ သိခဲ့ရတုန်းက ကမ္ဘာကြီးတစ်ခုလုံး တုန်လှုပ်ခြောက်ခြားသွားတယ်။ အိမ်ရိပ်မြုံလေး ပြိုလဲသွားတယ်။ စိုးရိမ်သောကနဲ့ အပြစ်တင်စိတ်တွေက ငါ့ကိုစက္ကန့်နဲ့ အချိန်တိုင်းမှာ ကြီးစိုးနေတယ်။ လွှမ်းမိုးထားတယ်။ ငါဟာအရာရာကိုကြောက်လန့်နေရတဲ့လူတစ်ယောက်၊ အသက်ရှုသံတွေကိုမွန်းကြပ်ငြီးငွေ့နေတဲ့လူတစ်ယောက်...
အစ...အစ...
ဟုတ်တယ် ငါ့အမေသင်ပေးခဲ့တဲ့ အချိန်ကစခဲ့တာဖြစ်မယ်။ ဒီမွန်းကြပ်မှုတွေကိုဘယ်လိုရှောင်လွှဲရမလဲ၊ ဒီသောကတွေကနေဘယ်လိုထွက်ပြေးရမလဲဆိုတာ သူသင်ပေးခဲ့တဲ့အချိန်က စခဲ့တယ်။ မင်းရဲ့ခန္ဓာကိုယ်ကို အသွားချွန်တဲ့အရာတစ်ခုနဲ့ ထိုးလှည့်ပစ်လိုက် ။ ညှာတာစရာမလိုအောင် မင်းရဲ့ခန္ဓာကိုယ်ကမင်းဒုက္ခတွေရဲ့ အရင်းအမြစ်မို့လို့ပဲ။
ငါ့ရဲ့လက်ကောက်ဝတ်ကို အလျှားလိုက် တစ်ချက်စီဖြတ်တောက်လိုက်တယ်။ ငါ့ရဲ့ဒုက္ခသုက္ခ အရည်တွေ ခန္ဓာကိုယ်ထဲက တစိမ့်စိမ့်ထွက်ကုန်တာကိုကြည့်ရင်း ပျော်ရွှင်မှုကိုခံစားနေရတယ်...
အဆုံးသက်ဖို့မလိုတော့ဘူး
"ဟေး..မင်းသတိရလာပြီလား"
အဖြူရောင်မျက်နှာကြပ်နဲ့ အလင်းရောင်စူးစူးက မျက်လုံးထဲတိုးဝင်လာသည်။
ESTÁS LEYENDO
DIARIES
Romanceအထက်တန်းကျောင်းသူလေးတစ်ယောက် နာမည်ကြီးကျောင်းတော်ကြီးတစ်ခုကိုပြောင်းလာခဲ့တယ်။ ကျောင်းတတ်တဲ့နေ့မှာပဲ ရန်ပွဲတစ်ခုထဲမှာဝင်ပါမိပြီး သူ့ရဲ့ဒိုင်ယာရီလေးထဲမှာ ကောင်လေးတစ်ယောက် ရောက်လာခဲ့ရာက....