Chapter 29: :A Familiar Stranger

150 10 0
                                    

အခန်း ၂၈။ ရင်းနှီးသောသူစိမ်းတစ်ယောက်

  

  

"Blackတွေတောင်ဒီကိစ္စကိုဖြစ်အာင်မလုပ်နိုင်ဘူး….ပြီးတော့မင်းနဲ့လက်တွဲဖို့သူတို့သဘောတူမှာမဟုတ်ဘူး"

"ကျွန်တော်ကblackမဟုတ်ဘူး...ခင်ဗျားဖြစ်ချင်တာကျွန်တော်ဖြစ်အောင်လုပ်ပေးနိုင်တယ် ကျွန်တော်ကိုယုံဖို့ပြောနေရဦးမှာလား...ခင်ဗျားကBlackတွေရဲ့သဘောတူညီမှုအောက်မှာပဲ​ရေင်….ဒီProjectကဘယ်တော့မှအသက်ဝင်လာမှမဟုတ်ဘူး"

Baleပညာရေးအုပ်စုရဲ့ဥက္ကဌကရှိန်းကိုအကြာကြီးကြည့်နေပြီးမှစာချုပ်မှာလက်မှတ်ထိုးလိုက်တယ်။ရှိန်းကပြုံးကာစာရွက်ကိုယူပြီးဆန့်ကျင်ဘက်ထောင့်နေရာမှာလက်မှတ်ထိုးသည်။

"အနှစ်နှစ်အလလ​ခင်ဗျားစောင့်ဆိုင်းနေခဲ့ရတာကို​ကျုပ်ရအောင်လုပ်ပေးမယ်….ဒီProjectပြီးရင်Baleကကမ္ဘာပေါ်မှာအ​ကောင်းဆုံးပညာရေးစနစ်ကိုဖန်တီးနိုင်တော့မှာ..လူတန်းစားအားလုံးတန်းတူအခွင့်ရေးရမယ့်ပညာရေးစနစ်ကြီးပေါ့ ပရော်ဖက်ဆာ"

Baleဥက္ကဌကနှဖူးပေါ်ကချွေးစေးတွေကိုသုတ်ကာ

"Black တွေကိုသစ္စာဖောက်လို့...."

ရှိန်းကနေရာကထလိုက်သည်။ bale ဥက္ကဌရဲ့မျက်နှာနားကပ်ကာ တုန်ယင်နေတဲ့လက်ကိုဆွဲယူပြီးလှုပ်ရမ်းလိုက်သည် ။ bale ဥက္ကဌမှာ ရှိန်းမျက်လုံးတွေကိုကြည့်နေမိသည်။

"ကျွန်တော်အားလုံးဖြေရှင်းပေးမှာပါ မစ္စတာဘလိတ် စိုးရိမ်စရာမရှိပါဘူး"

"ကျွန်တော့်ကိုယုံ"

"baleကကမ်ဘာတစ်ဝှမ်းမှာအကောင်းဆုံးကျောင်းဖြစ်လာမှာ...ကိုယ်ပိုင်နာမည်နဲ့ပေါ့"

ရှိန်းရဲ့မျက်လုံးတွေကပြတ်သားသည်။ လက်တွေကမြဲမြံစွာဆုပ်ကိုင်ထားသည် ။ သူ့အပြုံးတွေတောက်ပတဲ့အနာဂါတ်တစ်ခုကိုဖော်ပြနေသည် ။ ဒီတော့ခိုင်ခိုင်မာမာဆိုလာတဲ့သူ့စကားတွေကကိုးကွယ်စရာဖြစ်ကုန်သည် ။ baleကျောင်းတော်ကြီးရဲ့ဥက္ကဌ မစ္စတာဘလိတ်တစ်ယောက်ကတော့ စစ်မြေပြင်မှာကာကွယ်ရာရှာတွေ့သွားတဲ့ကလေးငယ်လိုခံစားလိုက်ရသည် ။ ရှိန်းရဲ့လက်ကိုပြန်လည်ကိုင်ဆုတ်ပြီးလှုပ်ခါလိုက်သည်။

DIARIES Tahanan ng mga kuwento. Tumuklas ngayon