Chapter 17: :Hopeless

134 6 0
                                    

DIARIES (ဒိုင်ယာရီများ)

အခန်း ၁၇: :အလင်းရောင်မဲ့သော

"Hello?"

"ဒါက...မစ္စစ်ဇာကီရာရဲ့အသိမိတ်​ဆွေတစ်​ယောက်​ယောက်လားခင်ဗျာ"

"ဟုတ်ကဲ့ ကျွန်မက သူ့သမီးပါ"

"သြော်...သမီးလား....။ က​လေးအနားမှာ လူကြီးတစ်ယောက်ယောက်ရှိရင်ဖုန်း​ပေးလိုက်ပါ။ ဖေဖေဖြစ်ဖြစ် အဒေါ်ဖြစ်ဖြစ်..."

"မ..မရှိပါဘူး...မေမေနဲ့ သမီးနှစ်ယောက်တည်းရှိတာပါ"

တစ်ဖက်က လူကြီးတစ်​ယောက်အသံ သူက ​မေမေ့နာမည်ကိုမေးသည်..။ ဇီနဲ့ဘာတော်ပါသလဲ ဆိုတာလည်း​ထပ်​မေးသည်။ ဒါ​တွေဖြေပြီးတော့ သူကစိတ်အေးအေးထားဖို့ပြောသည်...။ ထိုအချိန်တည်းက ဇီ့မှာစိတ်မအေးနိုင်တော့ပါဘူး။

"မေ...မေမေဘာဖြစ်လို့လဲ...."

"ဒါဆို စိတ်အေးအေးထားပြီး ဦး​လေး​ပြောတာနား​ထောင်ပါ က​လေးမ...မစ္စစ်ဇာကီရာက..."

သူပြောတဲ့ အကြောင်းအရာတွေကို ဇီ့ခေါင်းထဲမှာမြင်နေရသလို သရုပ်ဖော်နေမိသည်။ တစ်ဖက်လူရဲ့စကားဆုံးတော့...ဟင့်အင်း ဇီ့ခေါင်းထဲမှာ သူ့စကား​တွေကိုထပ်ပြီး ပုံမဖော်နိုင်တော့ဘူး။ သူ​ပြောတာ​တွေကို ဇီဆက်နားမထောင်နိုင်တော့ပါဘူး။

ဇီတစ်​ယောက် အင်အား​တွေဆုတ်ယုတ်သွားပြီး လက်ထဲကဖုန်းကို ဆက်ပြီကိုင်မထားနိုင်တော့ဘူး။ မြေကြီးဆွဲအားက ဇီ့ကိုအောက်ဆုံးထိ ဆွဲချပြီး တန်ချိန်များစွာက ဖိနှိပ်ပစ်လိုက်သလိုပင်။ ကြမ်းပြင်ပေါ်မှာ ဇီပုံလျက်ထိုင်ကျသွားပြီး မျက်ရည်တွေက အလိုလိုလိမ့်ကျလာ​တော့သည်။

အရမ်းခံစားလိုက်ရပြီးနောက် ဇီဘာကို ခံစားနေရမှန်း မသိတော့ပြန်ဘူး။ ဇီ့ရဲ့ခေါင်းထဲမှာ သူပြောသွားတဲ့စကားတွေဟာ ဝင်တစ်ချက်ထွက်တစ်ချက်နဲ့ လက်တွေ့နဲ့ကင်းကွာနေတဲ့ဖြစ်စဉ်တစ်ခုလို အသိ​တွေသတိတွေလွတ်သွားသည်။

တစ်ဖက်မှာလည်းဇီ့ကိုယ်ဇီသတိပေးနေမိသည်။

ဇီဒီလိုထိုင်နေလို့မဖြစ်သေးဘူး။ ဆေးရုံကိုသွားရမယ် ။ မေမေ့ကိုကြည့်ရမယ်။

DIARIES Where stories live. Discover now