Chapter 31: :Melting point of heart

204 10 0
                                    

Chapter 5:: Melting point of heart

  

  

လက်ဒ်မြို့ရဲ့အပူချိန်သည်ဆောင်းရာသီအစမှာတင်အနှုတ်အောက်ရောက်နေပြီး တစ်နိုင်ငံလုံးမှာအအေးဆုံးမြို့ဖြစ်သည်။ နှင်းတွေဖုံးလွှမ်းနေသည့်မြို့တော်တွင် တောင်တန်းတွေကြားကကွေ့ဝိုက်ကာဖောက်ထားသည့်မြွေလိမ်မြွေကောက်လမ်းတွေရယ်၊တစ်မြို့လုံးကိုအလှဆင်ထားတဲ့ပန်းတွေရယ်၊မြို့တွင်းမှာတင်ဖြတ်သန်းနေတဲ့ဇကားမြစ်ကြီးရယ်က တန်ဆာဆင်လျှက်ရှိသည်။ 

အရင်တည်းကအေးချမ်းတဲ့မြို့လေးဖြစ်ပေမယ့်ဒီနေ့မှာပိုပြီးတိတ်ဆိတ်နေသည်။ အရင်တည်းက...နှင်းမှူန်ဖြူဖြူများဖုံးနေသည့်မြို့ဖြစ်သော်လည်းယနေ့တွင်ပို၍အေးခဲနေသည်။ 

''မိုးလေဝသဌာနမှထုတ်ပြန်မှုများအရ ယနေ့ညနှောင်းပိုင်းတွင်အပူချိန်လျော့ကျပြီး လက်ဒ်မြို့အတွင်းမြောက်ဘက်မှလာသည့်အဆင့်၅ နှင်းမှုန်တိုင်းဖြတ်သန်းမည်ဖြစ်ပါသည်

မိမိနေအိမ်အတွင်း....."

ထပ်တလဲလဲလာနေတဲ့ရေဒီယိုကမုန်တိုင်းသတိပေးချက်တွေကိုပိတ်လိုက်သည်။ ကားမှန်ကိုဖွင့်လိုက်တော့လေပြင်းအေးအေးနှင့်အတူနှင်းမှုန်လေးတွေဟာတိုးဝင်လာသည်။ steering wheelပေါ်က လက်အိတ်မပါတဲ့ရှိန်းရဲ့လက်တွေတဖြေးဖြေးထုံကျင်လာသော်လည်းအေးမှန်း၊ပူမှန်းသတိမထားနိုင်တဲ့အထိ ရှိန်းရဲ့ရင်ထဲမှာ မီးတောက်တစ်ခုကလောင်မြိုက်နေသည်။ ထိုမီးတောက်လေးကိုတော့ လေပြင်းအေးအေးကရော၊ သွေးကြောမျှင်လေးတွေကိုခဲသွားစေနိုင်တဲ့နှင့်ပွင့်လေးတွေကပါငြိမ်းပေးနိုင်မယ်မထင်ပါဘူး ။ 

တက္ကသိုလ်ဝန်းထဲကိုဝင်လာတာနဲ့သူနဲ့နီးလာပြီဆိုတဲ့ခံစားချက်ကရှိန်းရဲ့စိတ်ကိုလှုပ်ရှားစေသည်၊ ပြီးတော့ပူလောင်စေသည် ။ 

ဗိသုကာဆောင်သို့ရောက်တော့ အဆောင်ရှေ့ကကားပါကင်မှာ ရပ်ပြီး အဆောင်ထဲကိုဝင်လိုက်သည်။ အဆောင်ရှေ့ကအစောင့်အဖိုးအိုကိုမေးလိုက်သည်။

"နောက်ဆုံးနှစ်အခန်းaကဘယ်မှာလဲ"

ထိုအဖိုးအိုရဲ့လျှာမလှုပ်ပဲပြောလာတဲ့ဗလုံးဗထွေးစကားတွေကိုရှိန်းနားမလည်လို့နောက်တစ်ခေါက်ထပ်ပြောခိုင်းလိုက်သည်။ အဖိုးအိုကရှိန်းကိုမျက်လုံးပြူးကြီးတွေနဲ့ကြည့်ကာ အဆောင်ထဲကိုလက်ညိုးထိုးလိုက်သည်။ 

DIARIES Where stories live. Discover now