DIARIES (ဒိုင်ယာရီများ)
အခန်း.... ။သောမတ်စ်နဲ့မေရီ
ပန်းချီဆွဲရသည့် နောက်ဆုံးနေ့....ဒီနေ့ပြီးသွားရင် ဘယ်တော့များမှထပ်ပြီးမေရီနဲ့ တွေ့ရပါလိမ့်မလဲ မသိနိုင်ပါဘူး ။ စိတ်ကဆောင်နေတော့ ချိန်းထားတဲ့အချိန်ထက် အစောကြီးသူ့အိမ်ကိုရောက်သွားခဲ့သည်။
ခြောက်ကပ်နေတဲ့အိမ်ကြီးထဲမှာ ထုံးစံအတိုင်းပဲ ဘယ်သူမှမရှိနေဘူးပေါ့ ။ ဒေါ်ဒေါ်ကြီးဟုခေါ်သည့် မေရီ့ရဲ့အထိန်းတော်အမျိုးသမီးကြီးက တံခါးလာဖွင့်ပေးပြီး မီးဖိုထဲပြန်ဝင်သွားသည်။ တွမ်က ဧည့်ခန်းထဲတွင်ထိုင်ကာ မေရီ့ကိုစောင့်ရသည်။
ဒီအိမ်ကြီး ငြိမ်သက်နေမှုက တွမ့်ကိုအမှတ်တရတွေထဲနွံနှစ်ပစ်လိုက်သည်။ ဧည့်ခန်းထိပ်မှနေ အပေါ်ထပ်သို့ဆက်စပ်ထားသည့် ကျွန်းလှေကားကြီး၌လက်ရာမြောက်သော ပန်းနွယ်၊ ပန်းခတ်ကနုတ်များနှင့် လက်ရန်းကြီးတစ်ခုရှိသည်။ တွမ့်ရဲ့လက်ချောင်းထိပ်များနှင့် အိုဟောင်းနေသော သစ်သာအိုကို ခပ်ဖွဖွထိတွေ့ ကြည့်ရင်း သစ်လွင်ရွှင်မြူးခဲ့ရသည့် အတိတ်ကနေ့ရက်တွေဆီ တဖန်ပြန်ရောက်သွားသလို ခံစားရပါတော့သည် ။
ရယ်လိုက်ရင် ရှေ့နှစ်ချောင်းသွားကျိုးလေးနဲ့ သိပ်ချစ်စရာကောင်းတဲ့ကလေးမလေးတစ်ယောက်ဟာ မင်းသမီးလေးလို အဖြူရောင် ဂါဝန်ကြီးတကားကားနဲ့ ဒီလှေကားကြီးပေါ်ကပြေးဆင်းလာတာပေါ့ ။ ဒီအိမ်ကြီးအနှံ့မှာ ကလေးမလေးကိုသိပ်ချစ်တဲ့ မိဘနှစ်ပါး၏ ပုံရိပ်တွေရှိသည်။ သူတို့ရဲ့ခန်းနားတဲ့ ပါတီပွဲတွေ၊ များပြားတဲ့ အခြွေအရံတွေ၊ ကြီးကျယ်တဲ့ အပေါင်းအသင်းများ၏ အရိပ်ငွေ့တွေဟာ စံအိမ်ကြီးတစ်ခုလုံးကို ထင်ဟပ်နေဆဲရှိသေးသည်။
တွမ်ဟာ မေရီကို လူတကာထပ် ဦးဆုံးစသိခွင့်ရခဲ့ပြီး သူလေးရဲ့ ပထမဆုံးကစားဖော်သူငယ်ချင်းလေး ဖြစ်ခဲ့ဖူးပါသည်။ ဒီမြို့ထဲမှာ စီးပွားရေးပျက်ကပ်ကြီးတွေ မစိုက်ခင်မှာ မေရီ့အဖေရဲ့က မြို့ရဲ့သူဋ္ဌေးမင်းကြီးတစ်ယောက်၊ တွမ့်အဖေရဲ့ငယ်သူငယ်ချင်းဖြစ်သည်။
YOU ARE READING
DIARIES
Romanceအထက်တန်းကျောင်းသူလေးတစ်ယောက် နာမည်ကြီးကျောင်းတော်ကြီးတစ်ခုကိုပြောင်းလာခဲ့တယ်။ ကျောင်းတတ်တဲ့နေ့မှာပဲ ရန်ပွဲတစ်ခုထဲမှာဝင်ပါမိပြီး သူ့ရဲ့ဒိုင်ယာရီလေးထဲမှာ ကောင်လေးတစ်ယောက် ရောက်လာခဲ့ရာက....