Diaries (ဒိုင်ယာရီများ)
အခန်း ၇။ မျက်မမြင်ကချေသည်လေး
"ဟေး...မင်းတို့က Baleကမဟုတ်ဘူးမို့လား"
Clubအနောက်ဘက်က လမ်းကြားလေးထဲတွင် ဆေးလိပ်ဖွာနေသော လူငယ်တစ်စုအား လမ်းကြားထဲသို့ဝင်လာတဲ့အဖွဲ့က မေးလိုက်ခြင်းဖြစ်သည်။
"မဟုတ်တော့ ဘာဖြစ်လဲ"
ဆေးလိပ်သောက်နေကြတဲ့ လူငယ်အဖွဲ့ထဲကတစ်ယောက်က ရှေ့သို့ထွက်ကာပြန်ပြီးထေ့ငေါ့လိုက်သည်။ သူ့နောက်တွင် အဖွဲ့သားလေးယောက်လည်းဆေးလိပ်တွေကိုနင်းခြေကာ အသင့်အနေအထားပြင်ထားလိုက်ကြသည်။
တစ်ဖက်ကအဖွဲသည်လည်း သူတို့နဲ့နီးရာကိုတဖြေးဖြေးကပ်လာပြီး နှစ်ဖွဲ့လုံးမျက်နှာချင်းဆိုင်အနေအထားမှာ လက်တစ်ကမ်းအကွာ၌ ရပ်နေကြသည်။ အရင်ရန်စသည့်အဖွဲ့သည် Baleကျောင်းသားများဖြစ်ပြီး ဆေးလိပ်သောက်နေသည့်အဖွဲ့အခြားကျောင်းကအဖွဲ့ဖြစ်သည်။
ကြီးကြီးကျယ်ကျယ်နိုင်သည့် Baleကျောင်းသားများက သူတို့Clubကိုအခြားလူတွေနဲ့ရောထွေးတာမကြိုက်ကြချေ။ အခြားကျောင်းကကျောင်းသားဖြစ်ဖြစ်၊ ကျောင်းသူဖြစ်ဖြစ် ကြွက်တစ်ကောင်ကြောင်တစ်မြှီးမှ သူစိမ်းအဝင်မခံပါ။
"ဒီClubကို Baleကလူတွေပဲ တတ်ခွင့်ရှိတယ်၊ အခြားကျောင်းကအမှိုက်တွေလာပြီးယီးယီးယားယား လာလုပ်ခွင့်မရှိဘူး"
အခြားကျောင်းကအဖွဲ့ကလည်း အုပ်စုတောင့်တာမို့ သူတို့လာပြီး အထက်စီးကလေသံနဲ့ ခြိမ်းခြောက်တာကိုငြိမ်ခံမနေပေ။ Bale ကျောင်းသားတွေက ဟိန်ဟန်သာရှိပြီးအဖြစ်မရှိဘူးဟု သူတို့ထင်သည်။ အားလုံးက မိဘပိုက်ဆံတွေနဲ့ ချမ်းသာနေကြတာချည်းမို့ ဒီလိုလူချမ်းသာ လူပေါ်ကျော့တွေက လက်သီးချင်းယှဉ်လာတဲ့အခါ သူတို့လောက်ရန်ဖြစ်နိုင်မှာမဟုတ်ဘူးဟု မုချယုံကြည်ထားသည်။
"ငါတို့ပိုက်ဆံနဲ့ ငါတို့ ယီးယီးယားယားလုပ်ချင်လုပ်မယ် ကြိုက်တဲ့Clubကို ကြိုက်သလိုတတ်မယ် ကြိုက်တဲ့စော်နဲ့ကြူမယ် မင်းတို့သောက်လုပ်လား"
"အေး ငါတို့သောက်လုပ်ပဲ"
"အဲ့တာဆိုလည်း မင်းတို့သောက်လုပ်မဟုတ်ကြောင်းပြရတာပေါ့"
KAMU SEDANG MEMBACA
DIARIES
Romansaအထက်တန်းကျောင်းသူလေးတစ်ယောက် နာမည်ကြီးကျောင်းတော်ကြီးတစ်ခုကိုပြောင်းလာခဲ့တယ်။ ကျောင်းတတ်တဲ့နေ့မှာပဲ ရန်ပွဲတစ်ခုထဲမှာဝင်ပါမိပြီး သူ့ရဲ့ဒိုင်ယာရီလေးထဲမှာ ကောင်လေးတစ်ယောက် ရောက်လာခဲ့ရာက....