DIARIES(ဒိုင်ယာရီများ)
အခန်း ၁၅။ ပထမဆုံးချိန်းတွေ့ခြင်း
"ရှောင်ထား အန်ထ့်! !"
အော်သံကြားလို့လှည့်ကြည့်လိုက်ချိန်မှာ အန်ထ့်မျက်နှာတည့်တည့်ကို ဘောလုံးလာမှန်သည်။ တစ်ချက်တည်းနဲ့နောက်ကို ဖင်ထိုင်ရက်လဲကျသွားပြီး ကြယ်တွေလတွေမြင်ကုန်သည်။ အသိစိတ်လွတ်သွားတဲ့ခဏမှာ အန်ထ့်အနားကိုအသင်းသားတွေရောက်လာပြီး ဝိုင်းကြည့်နေကြသည်။
"နှာခေါင်းကျိုးသွားတာလား"
အနားကလူတွေ တတွတ်တွတ်ပြောနေကြသည်။
"ဟုတ်တယ် ထင်တယ်"
အန်ထ့်ရှေ့မှာ လူတစ်ယောက်ရှိနေပြီး သူကအန်ထ့်မျက်နှာကိုဆွဲကာခပ်ကြမ်းကြမ်းကိုင်တွယ်ကြည့်နေသည်။
"အ..နာတယ်"
"ငြိမ်ငြိမ်နေ"
သူကအန်ထ့်ကိုလှဲနေခိုင်းပြီး အန်ထ့်ရင်ဘက်ပေါ်မှာ တတ်ထိုင်လိုက်သည်။ အန်ထ့်ရဲ့မျက်လုံးတွေကဝေဝါးနေသေးတာမို့ ရှေ့ကလူကိုကောင်းကောင်းမမြင်ရပါ။ သူကအန်ထ့်နှာခေါင်းတစ်လျှောက် အသာဖိသွားသည်။ ကျိုးနေတဲ့နေရာရောက်တော့မခံနိုင်အောင်နာလာတာမို့် အန်ထ့်ကြောက်အားလန့်အားနဲ့ သူ့ကိုတွန်းကာ မျက်လုံးကိုပြူးပြဲကြည့်လိုက်သည်။
"ဘာ..ဘာလုပ်မလို့လဲ! !"
"ချုပ်ထား"
သူကဘေးကလူတွေကိုအမိန့်ပေးလိုက်သည်။ ကျန်တဲ့လူတွေကအန်ထ့်ရဲ့လက်တွေခြေတွေကို အတင်းချုပ်ထားကြသည်။
"နှစ်စက္ကန့်ပဲအောင့်ခံလိုက် ငါပြန်တည့်ပေးမယ်"
"တစ်"
"မလုပ်နဲ့! !"
"နှစ် ပြီးပြီ"
အန်ထ့်မျက်ရည်တွေဝဲကာ ရှေ့ကလူကိုကြည့်နေလိုက်သည်။ သူကပြုံးကာအန်ထ့်ကိုကြည့်နေသည်။ အမြဲတမ်းလိုလို တောက်ပပြီး ဆွဲဆောင်မှုရှိတဲ့အပြုံးတွေနဲ့ပဲ။
"မနာပါဘူး မင်းအဆင်ပြေသွားပြီ"
အလယ်တန်းနောက်ဆုံးနှစ်ကနေ အထက်တန်းဒုတိယနှစ်အထိ Baleရဲ့အတော်ဆုံးကျောင်းသားအယောက် ၂၀သာထားတဲ့ အဆောင် ၁မှာ အန့်ထ်နေခဲ့ရသည်။ အဆောင် ၁က အတော်ဆုံးကျောင်းသားများသည် ကျောင်းသင်ခန်းစာများသာမက တစ်ယောက်ချင်းဆီက ပြင်ပကျွမ်းကျင်မှုတစ်ခုဆီ တစ်ဖက်ကမ်းခတ်ကျွမ်းကျင်နေသည့် အထူးကျောင်းသားအယောက် ၂၀ဖြစ်သည်။ အန်ထ်သည် ကျားကွက်နဲ့၊ Chessကစားနည်းမှာ အထူးချွန်ဆုံးကျောင်းသားအဖြစ်ထိုအယောက် ၂၀ထဲမှာရှိခဲ့ဖူးသည်။
ESTÁS LEYENDO
DIARIES
Romanceအထက်တန်းကျောင်းသူလေးတစ်ယောက် နာမည်ကြီးကျောင်းတော်ကြီးတစ်ခုကိုပြောင်းလာခဲ့တယ်။ ကျောင်းတတ်တဲ့နေ့မှာပဲ ရန်ပွဲတစ်ခုထဲမှာဝင်ပါမိပြီး သူ့ရဲ့ဒိုင်ယာရီလေးထဲမှာ ကောင်လေးတစ်ယောက် ရောက်လာခဲ့ရာက....