Chapter 5: :Masks

201 7 0
                                    

DIARIES (ဒိုင်ယာရီများ)

အခန်း ၅။ မျက်နှာဖုံးများ

ကျောင်းတတ်တာ ၁ပတ်ပြည့်တော့မည် ။ ဇီကအခုထိ ​ကျောင်းထဲကကန်တင်းနဲ့ အကခန်းမအပြင် ဘယ်နေရာကိုမှ ​သေချာမရောက်ဖူးသေးဘူး ။ ဒီနေ့drawing club ကိုစာရင်းသွားပေးဖို့ကိုလည်း သရဖီ့ဆီအပူကပ်ရသည်။

သရဖီက ဇီ့ကိုဖုန်းနဲ့ပဲ လမ်းညွှန်ပေးလိုက်သည် ။ သရဖီပြောလိုက်တဲ့လမ်းအတိုင်းသွားတော့ clubရုံးခန်းတွေ၊ ​ကျောင်းသားကောင်စီရုံးခန်းတွေရှိတဲ့ အဆောင်ကိုရောက်လာသည် ။

တစ်ခန်းချင်းဆီမှာ တပ်ထားတဲ့နာမည်တွေကိုဖတ်ကာ လိုက်ရှာရင်း နောက်ဆုံးတော့ drawing club ဆိုတဲ့ ဆိုင်းဘုတ်ကိုရှာတွေ့သည် ။

စာရင်းမပေးရသေးခင် ​ကျောင်းတတ်သွားမှာကို စိုး၍ ဇီမြန်မြန်လျှောက်သွားလိုက်သည်။ နမော်နမဲ့နိုင်တဲ့ ဇီကတော့ ပြေးရင်းလွှားရင်း အခန်းတစ်ခုထဲကထွက်လာတဲ့ ​ကျောင်းသားတစ်ယောက်ကို ဝင်တိုက်မိတော့သည် ။

ကော်ရစ်တာမှာ ဇီကဖင်ထိုင်ရက်လဲသွားပြီး ကျောင်းသားကတော့ ဘာမှမဖြစ်ပေမယ့်.. သူ့လက်ထဲမှာ ကိုင်ထားတဲ့ စာရွက်တွေအကုန် ပြုတ်ကျသွားသည် ။ ဇီသူ့စာရွက်တွေကို မြန်မြန်ပြန်ကောက်ပေးလိုက်သည် ။

"တောင်းပန်ပါတယ် မမြင်လိုက်လို့ပါ နင်ဘာဖြစ်သွားသေးလဲ"

သူ့အရပ်အရှည်ကြီးကို ဇီတော်တော်မော့ကြည့်လိုက်ရတယ်။ ဖြစ်ချင်တော့ ကျောင်းသားက ဟိုဒီအမဲရောင်ကို ​ခေါင်းစွပ်စွပ်ပြီး ဝတ်ထားသည့်အပြင် maskအမဲရောင်လည်း တပ်ထားသည့်အတွက် ​မှောင်မဲနေသော လိုက်ကာများနောက်ကွယ်က မျက်နှာကိုသေချာမမြင်ရဘူး။

ထူးဆန်းတဲ့ခံစားချက်တစ်ခုက အဲ့ဒီ့မျက်လုံးတွေကို ဇီရင်းနှီးနေသည် ။

အဲ့တာသူလား...။ အတွေးမဆုံးခင် သူက ဇီ့လက်ထဲကစာရွက်တွေကို ဆွဲယူပြီးထွက်သွာသည်။ သူထွက်သွားတဲ့နောက်ကို ဇီလိုက်ပြီးငေးကြည့်နေမိပါသည်။ သူဇီ့ကိုမမှတ်မိပါဘူး....၊ ဒါမှမဟုတ်မှတ်မိသွားလား...။

ဇီသိချင်လှပေမယ့် အသံမပြုရဲ၊ မှတ်မိသွားမှာကြောက်သည်။ ကျောင်းခေါင်းလောင်းခေါက်သံကြောင့် အတွေးတွေကိုရပ်ပြီး drawing clubထဲဝင်ကာ စာရင်းပေးလိုက်သည်။ ဇီ့အတွက်ဖောင်တင်ရင်း တွမ့်အတွက်ပါ တစ်ခါတည်းတင်ပေးခဲ့လိုက်သည် ။

DIARIES Where stories live. Discover now