Diaries (ဒိုင်ယာရီများ)
အခန်း ၂၂။ Private art model
ဇီ့ဘဝမှာတိုက်ခတ်နေတဲ့ မုန်တိုင်းတွေက စဲပါ့ဦးမှာလား..။ မေမေဆုံးတာကနေစပြီး ဆက်တိုက်ပဲ ဇီ့ဘဝရဲ့အရေးကြီးတဲ့ အရာတွေအားလုံးပျက်စီးကုန်တယ်။ ပိုက်ဆံကိစ္စကြောင့် သူငယ်ချင်းတွေနဲ့ဝေးရတယ် ၊ ကြိုးစားနေတဲ့ အကပညာနဲ့လည်းဝေးရတယ်၊ အခင်ဆုံးသူငယ်ချင်းက ဇီ့ကိုအထင်လွဲတယ်၊ ရှိန်းက သူ့နားရောက်အောင်မကြိုးစားနဲ့လို့ ဘွင်းဘွင်းပဲပြောလာတယ်။ အခုတလော အိမ်ငှါးအဒေါ်ကြီးကလည်း ဇီ့ကိုအမြင်မကြည့်ချင်ဘူး။
ဘာလို့လဲ ဘာတွေမှားနေတာလဲ ဇီလည်းမသိတော့ဘူး.. ။ သူတို့ဇီ့ကိုတွန်းထုတ်တဲ့အခါ ဇီကလည်းသူတို့နဲ့အဝေးဆုံးကိုထွက်သွားပစ်မှာပဲ ။
ကျောင်းမှာတွမ်နဲ့ မျက်နှာချင်းမဆိုင်ရအောင် ရှောင်နေသည်။ စာကြည့်တိုက်ရယ် ၊ ကျောင်းရယ်၊ အိမ်ရယ်၊ အလုပ်လုပ်တဲ့နေရာတွေရယ်မှာပဲ နေတတ်အောင်ကြိုးစားပါသည်။ မေရီတို့ သရဖီတို့ကိုနဲ့လည်း အပြင်မှာမတွေ့မိအောင်ကြိုးစားပြီးနေသည် ။ ဒီလိုနဲ့ ဇီ့မှာ ပတ်ဝန်းကျင်နဲ့တံတိုင်းတွေ၊ ဘောင်တွေအထပ်ထပ် ချထားလိုက်ပါသည်။
ဘယ်သူနဲ့မှလည်းထပ်ပြီး မရင်းနှီးချင်တော့သလို ဘယ်သူ့ကိုမှလည်း ဇီ့ဘဝထဲကို မဖိတ်ခေါ်ချင်တော့ဘူး။ သူ့တို့ထွက်သွားမှာစောင့်နေမှာထပ် သူတို့ကိုကန်ထုတ်ပြီး တံခါးတွေပိတ်ထားလိုက်ပါတော့သည်။
ဒါပေမယ့် ရှိန်း...သူကဇီ့ကိုကိုင်လှုပ်နိုင်တဲ့သူ ၊ ဇီ့ကိုပြိုလဲသွားစေနိုင်တဲ့လေပြင်း...၊ ဇီနေသားကျအောင် ကြိုးစားနေသမျှ သူဖြိုလှဲပစ်သည်။ ဇီခံစားချက်တွေကို အရာမထင်အောင် သူသိပ်လုပ်သည်..။
သူ့အနားကိုလာဖို့မကြိုးစားနဲ့လို့ ဇီ့ကိုသတိပေးပြီးတဲ့နောက် ဇီတို့ကြားမှာအဆက်အသွယ်ပြတ်သွားသည်။ ဇီ့ကဲ့ပထမဆုံးအချစ်ပုံပြင်လေးက ဒီမှာတင်ဇာတ်သိမ်းပြီဟု ထင်ခဲ့ပေမယ့် တစ်ညနေ ဇီအလုပ်လုပ်နေတဲ့ ဆိုင်ကိုသူထပ်ရောက်လာခဲ့ပြန်သည်။ သူလာတဲ့အချိန်မှာ တာဝန်ချိန်ပြီးခါနီးပြီ အတူတာဝန်ကျတဲ့အမကစောစောပြန်သွားတော့ သူ့ကိုServiceပေးဖို့ ဇီ့အပြင် အခြားဝန်ထမ်းထပ်မရှိတော့ဘူး...။
KAMU SEDANG MEMBACA
DIARIES
Romansaအထက်တန်းကျောင်းသူလေးတစ်ယောက် နာမည်ကြီးကျောင်းတော်ကြီးတစ်ခုကိုပြောင်းလာခဲ့တယ်။ ကျောင်းတတ်တဲ့နေ့မှာပဲ ရန်ပွဲတစ်ခုထဲမှာဝင်ပါမိပြီး သူ့ရဲ့ဒိုင်ယာရီလေးထဲမှာ ကောင်လေးတစ်ယောက် ရောက်လာခဲ့ရာက....