Diaries (ဒိုင်ယာရီများ)
အခန်း ၁၁။ အဲ့ဒီ့အချိန်လေးမှာပဲဒီမြို့ကြီးကိုချစ်မိသွားပါတော့သည်။
ဇီကျောင်းကနေပြန်လာတဲ့ တညနေမှာ မေမေကဆိုင်မှာမရှိဘူး။ ဆိုင်ကအမကိုမေးတော့ နေ့လည်တည်းက မေမေအိမ်ကိုပြန်သွားသည်ဟုဆိုသည်။ မေမေက ဇီ့ကိုဘာမှမပြောပဲ ဒီလိုပျောက်မသွားတတ်ဘူး။ မေမေကဆိုင်ကိုပစ်ထားပြီးတော့လည်း လျှောက်မသွားတတ်ဘူး။
ဇီမေမေ့ကိုစိတ်ပူလို့ တွမ်နဲ့စာလုပ်မယ့်ကိစ္စကို ဖျက်လိုက်ပြီး အိမ်ကိုပြန်လာခဲ့သည် ။ အိမ်တံခါးဖွင့်ဖွင့်ချင်းတည်းက မေမေရဲ့ရှိုက်ငိုသံကို ကြားလိုက်ရသည် ။ ဇီ့ခေါင်းတွေပူထူသွားပြီး အိမ်ထဲကိုပြေးဝင်သွားတော့ မေမေကအိမ်ရှေ့က ဆိုဖာပေါ်မှာထိုင်ရင်း ရှိုက်ကြီးတငင် ငိုနေသည် ။
"မေမေ..ဘာဖြစ်လို့လဲ"
"ဇီရယ်...ကြီးကြီးဆုံးသွားပြီတဲ့..."
"သူဆုံးပြီလား..."
"အိုး...သူတို့မေ့ဆီက ထွက်သွားကြပြန်ပြီ.."
ဇီမေမေ့ကိုဖတ်ထားပြီး နှစ်သိမ့်လိုက်သည်။ အမှန်တိုင်းဝန်ခံရရင် မေမေငိုနေတာမြင်တော့ ဇီ မိုးမီးလောင်သလို ခံစားလိုက်ရတာအမှန်ပဲ။ နောက်မှ ကြီးကြီးဆုံးသွားပြီလို့မေမေပြောတော့ ဇီနည်းနည်းစိတ်အေးသွားသည်။ နဂိုတည်းက ရောဂါအကြီးကြီးကို သယ်ထားတဲ့အဖွားကြီးတစ်ယောက်က အသက်ရှည်ကြီးနေရမယ်လို့ ဇီမတွက်ထားပါဘူး။ တစ်နေ့တော့သူသေမှာပဲ။
ကြီးကြီးကိုမချစ်တဲ့အတွက် သူဆုံးသွားတဲ့အပေါ် ဇီ့မှာဘာခံစားချက်မရှိဘူး။ ချစ်တာမချစ်တာအပြင် ဇီကိုယ်တိုင်က သေဆုံးခြင်းရဲ့အဓိပ္ပါယ်ကို နားမလည်ခဲ့လို့ဖြစ်ပါလိမ့်မည်။ မရှိတော့ဘူး ဆိုတဲ့စကားလုံးက ဇီ့အတွက်ကြီးမားတဲ့ ခြောက်လန့်မှုကြီးတစ်ခု မဟုတ်ပါဘူး။ ဖြစ်နိုင်ရင် မရင့်ကျက်တဲ့လူတစ်ယောက်အဖြစ်သာနေသွားချင်ပါသည်။ သေခြင်းတရားကိုဘယ်တော့မှ နားမလည်ချင်ပါဘူး။ မကြုံပါချင်ပါဘူး။ မရှိတော့ဘူးဆိုတဲ့အဖြစ်ကို ဘယ်တော့မှ မသိပါရစေနဲ့လို့သာ ဆုတောင်းမိပါသည် ။
YOU ARE READING
DIARIES
Romanceအထက်တန်းကျောင်းသူလေးတစ်ယောက် နာမည်ကြီးကျောင်းတော်ကြီးတစ်ခုကိုပြောင်းလာခဲ့တယ်။ ကျောင်းတတ်တဲ့နေ့မှာပဲ ရန်ပွဲတစ်ခုထဲမှာဝင်ပါမိပြီး သူ့ရဲ့ဒိုင်ယာရီလေးထဲမှာ ကောင်လေးတစ်ယောက် ရောက်လာခဲ့ရာက....