Chapter 13: :Tearing up my heart

153 6 0
                                    

Diaries(ဒိုင်ယာရီများ)

အခန်း ၁၃။ ငါ့နှလုံးသားကိုဆုတ်ဖြဲလိုက်ပါ

Basketballပြိုင်ပွဲတွေ ၊ အကတိုက်တာတွေ အားလုံးနားတော့ စာအသည်းအသန်လုပ်ရတော့မယ့်အချိန် ​ရောက်လာသည် ။ တွမ်ကဇီ့ကိုကူပြီးသင်္ချာတွေဝိုင်စလုပ်ပေးပေမယ့် အခြားဘာသာတွေ၊ အိမ်စာ​တွေ၊ မှတ်စုတွေက ၊ တော့ဇီကိုယ်တိုင်လုပ်မှပဲရမည်။ အခုလည်းအင်္ဂလိပ်စာ အိမ်စာလုပ်ဖို့ ဇီတစ်ယောက် စာကြည့်တိုက်မှာသောင်တင်နေသည် ။

ကျောင်းဆင်းတာနဲ့ ဆိုင်မှာအင်္ကျီပြန်လဲပြီးဆိုင်သိမ်းချိန်အမှီပြန်လာခဲ့မယ်လို့ ​မေ​မေ့ကို​ပြောခဲ့​ပေမယ့် ဇီစာလုပ်ပြီးတဲ့အချိန် အပြင်မှာမိုးတွေရွာနေသည်။ ထုံးစံအတိုင်းဇီ့မှာထီးမပါလာဘူး။ ဆိုင်သိမ်းချိန်အမှီ မပြန်နိုင်တော့လည်း ရောက်လက်စနဲ့ဝတ္ထုစာအုပ်တွေငှါးဖို့ ဒုတိယဆီတတ်လာခဲ့သည်။

စာအုပ်​ရွေး​နေရင်း စာကြည့်စားပွဲတစ်ခုမှာ ​မှောက်အိပ်နေတဲ့ကျောင်းသားတစ်ယောက်ကိုတွေ့သည်။ ဇီသတိထားမိတဲ့အကြောင်းက သူ့အ​နွေးထည်က ဇီ့မျက်လုံးထဲမှာရင်းနှီး​နေလို့ပဲ။

"ရှိန်းလား...?"

ဇီ ထို​ကျောင်းသားအနားကို သွားကြည့်လိုက်သည်။ သူပါပဲ...။ ဆံပင်အရှည်တွေကလည်းစိုသည်။ သူ့ရဲ့အဝတ်ဖျားတွေကနေ ရေတွေကတစ်စက်စက် ကျနေသည်။ စားပွဲ​ပေါ်မှာ​မှောက်အိပ်​နေပြီး အိပ်ရင်းနဲ့ယောင်နေ​သေးသည်။ ဘာတွေမှန်းတော့ ​သေချာမကြားရဘူး။ ညည်းသံလိုလို တစ်ခါတလေသူ့လက်တွေကရုန်ကန်နေသလိုတဆက်ဆက်လှုပ်ရှားနေသည်။

စာကြည့်တိုက်စောင့်က ဆူညံသံထွက်​နေတဲ့သူ့ကို သတိပေးဖို့ အနားမှာရှိတဲ့ဇီ့အား ​ခြေဟန်လက်ဟန်နှင့်ပြောသည်။ ဇီလည်း အစောင့်ဦး​လေးကြီးကိုခေါင်းငြိမ့်ပြလိုက်သည်။

"ရှိန်း..."

သူ့နားကိုကပ်သွားရင်း တိုးတိုးလေးခေါ်လိုက်ပေမယ့် သူမနိုးဘူး။ ဇီသူ့ပုခုံးပေါ် လက်တင်လိုက်သည်။ မိုကာသားလို အနီရောင်အ​နွေးထည်အောက်မှာ ဝတ်ထားတဲ့ဟိုဒီကလည်း စိုရွဲ​နေသည် ။ စိုးရိမ်မှုကြောင့် ဇီ့အသံကနည်းနည်းကျယ်သွားသည်။ ပုခုံးကိုလည်း ခပ်ကြမ်းကြမ်းလှုပ်လိုက်သည်။

DIARIES Where stories live. Discover now