အခန်း ၄၁။ စေ့စပ်ပွဲ
အ၀တ်အစားကောင်းကောင်းမွန်မွန်၀တ်စားထားတော့ ဂျေဆင်ဂျိမ်းစ်တစ်ယောက် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုတွေလွန်ကဲနေသည်။ တကယ်တော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိခြင်းမရှိခြင်းက အ၀တ်အစားကောင်းကောင်း၀တ်ထားတာထပ် ကြည့်နေတဲ့သူရဲ့မှင်သက်စွာတုန့်ပြန်မှုကြောင့်ဖြစ်သည်။မေရီကအိပ်ချင်မူးတူးလေးနဲ့ အိပ်ရာပေါ်မှာထိုင်ကာဂျေဆင်ဂျိမ်းစ်ကိုငေးကြည့်နေသည်။ ရှေ့ကိုလျှောက်ရင်လည်းရှေ့ကိုလိုက်ငေးသည်၊ နောက်ကိုလျှောက်လည်းနောက်ကိုလိုက်ငေးသည်။ ဂျေဆင်ဂျိမ်းစ်ကတော့ အကျေနပ်ကြီး ကျေနပ်လျှက်...။ မှန်ရှေ့မှာရပ်ကာ ပိုပြီးခန့်ညားသွားအောင်လို့ နက်ကတိုင်ပါချည်ဖို့ပြင်လိုက်သည်။ မှန်ထဲကနေမေရီ့ကိုလှမ်းကြည့်လိုက်တော့မေရီက လိုက်ငေးနေတုန်းပဲ...။
"ကိုယ်ကြည့်ကောင်းရဲ့လား..."
"ဘယ်သွားမလို့လဲ..."
"မွေးနေ့ပွဲတစ်ခု...ကိုယ်မရှိတုန်းမင်းပျင်းလို့တစ်နေရာရာသွားချင်ရင် နံပါတ် ၂ကိုခေါ်သွားနော်"
"အင်း..."
မေရီက ကုတင်ပေါ်ကဆင်းလာပြီး ဂျေဆင့်နောက်မှာလာရပ်သည်။ ဂျေဆင့်ကျောပြင်ကိုလက်ကလေးနဲ့အသာအယာထိတွေ့ရင်းက
"ချည်ပေးမယ်"
"အင်း...."
ဂျေဆင့်လက်ထဲက ရှုပ်ယှက်ခတ်နေတဲ့ကြိုးထုံးကိုမေရီ့လက်ထဲအပ်လိုက်သည်။ မေရီက ဂျေဆင့်နက်ကတိုင်ကို မှန်တင်ခုံပေါ်တင်ထားခဲ့ပြီး အသစ်တစ်ခုသွားရွေးယူသည်။ ဂျေဆင့်လည်တိုင်မှာ သူ့ရဲ့လက်များကခိုမှီရင်း နက်ကတိုင်ကြိုးချည်ပေးနေသည်...။ မေရီလုပ်နေပုံကအေးအေးဆေးဆေးနှင့် မနက်တိုင်းလုပ်နေကျ အကျင့်တစ်ခုလို...အရင်ကဂျေဆင်ဂျိမ်းစ်တစ်ခါမှ နက်ကတိုင်မ၀တ်ဖူးဘူး...။ မေရီဒီလိုချည်တတ်မှန်းလည်းမသိခဲ့ဘူး...။
"မွေးနေ့ဆို အနက်ရောင်တွေချည်းမ၀တ်နဲ့လေ...အနက်ရောင်အင်္ကျီပေါ်မှာ အနက်ရောင်နက်ကတိုင်၀တ်ရင် ဘာပေါ်တော့မှာလဲ..."
YOU ARE READING
DIARIES
Romanceအထက်တန်းကျောင်းသူလေးတစ်ယောက် နာမည်ကြီးကျောင်းတော်ကြီးတစ်ခုကိုပြောင်းလာခဲ့တယ်။ ကျောင်းတတ်တဲ့နေ့မှာပဲ ရန်ပွဲတစ်ခုထဲမှာဝင်ပါမိပြီး သူ့ရဲ့ဒိုင်ယာရီလေးထဲမှာ ကောင်လေးတစ်ယောက် ရောက်လာခဲ့ရာက....