Chapter 12: :Third person between us

154 7 0
                                    

Diaries (ဒိုင်ယာရီများ)

အခန်း ၁၂။ တတိယလူ

ချစ်ရတဲ့ ရှိန်းရေ....

ညတိုင်းညတိုင်း ထိုသို့တိုင်တည်ကာ အနက်ရောင်ကောင်းကင်ကြီးကို ​ငေးရင်းဇီ ဒိုင်ယာရီထဲမှာ တစ်ဖက်သက်​ဇာတ်လမ်း​လေး​တွေ​ရေးဖြစ်သည်။ ရှိန်းသတိမထားမိပေမယ့် ဇီမှာတော့ တစ်ဖက်သက်အမှတ်တရတွေ အများကြီးရှိပါသည်။

ဇီတို့ဖိနပ်အရောင် အတူတူစီးမိတဲ့နေ့

တိုက်ဆိုင်တာမဟုတ်ပဲ ဇီလုပ်ယူမိတာပါ။ Nike sneaker​တွေကိုသာ ကြိုက်တဲ့ရှိန်းနဲ့တူအောင်လို့ ​မေမေကို အဖြူရောင် nike sneakerလေးမရမကပူဆာခဲ့ဖူးသည်။ ရှိန်းကိုကျောင်းမှာတွေ့ရင် ဇီတို့ဖိနပ်လေး​တွေ တူ​နေတာကို ကြည့်ပြီး ကြိတ်ကာကြည်နူးနေရတဲ့ အမှတ်တရမျိုးပေါ့...။

ဒါပေမယ့်တနေ့တော့ မုန့်စားဆောင်က ​ကျောင်းသားတွေအားလုံးကြား ဇီတို့နှစ်ယောက်တည်း အနီရောင်အနွေးထည်ကို အတူတူဝတ်မိကြသည်​လေ။ ပုံစံချင်းမတူပေမယ့် အရောင်ချင်းအတူတူပဲ ဇီတို့ကလူကြားထဲမှာ အတွဲတွေလိုထင်းနေတာပဲ...။

ဟင်း...ရှိန်းကတော့သတိမထားမိဘူးမဟုတ်လား။ ဇီ့မှာအဲ့ဒီ့လိုအမှတ်တရသေးသေးလေးတွေ အများကြီးရှိပါ​သေးသည်။ တစ်ခါတလေ ရှိန်းဇီ့ကိုခပ်လှမ်းလှမ်းက လှမ်းမြင်ပြီးပြုံးပြသွားတဲ့ အချိန်လေးတွေ..၊ မုန့်စားဆောင်ကအပြန် လျှောက်လမ်းကျဉ်းလေးထဲ ဇီတို့မျက်လုံးချင်းဆုံပေမယ့် နှစ်ယောက်လုံး ပြုံးပြနှုတ်ဆက်ဖို့တောင်မေ့အောင်း တစ်​ယောက်ကိုတစ်​ယောက်​ငေး​နေမိတဲ့အခါမျိုး​ပေါ့။

ဇီသန့်စင်ခန်းကအပြန် ရှိန်းနဲ့သူငယ်ချင်းတွေကို ​တွေ့လိုက်ရင် အခန်းထဲရောက်ကာမှ သန့်စင်ခန်းကို တစ်ခါထပ်သွားရပြန်တယ်။ ဒီလိုနဲ့ စာသင်ချိန်တွေနောက်ကျခဲ့ဖူးတယ်။ ကျောင်းဆင်းတော့လည်း ဇီ ရှိန်းနောက်ကနေ တိုးတိုးလေးလိုက်လာမိတာ ရှိန်းသတိမထားမိဘူးမဟုတ်လား။ ဇီ့အတွက်တော့ အမှတ်တရတွေချည်းပါပဲ။ ထိုတခဏလေးတွေမှာ ရှိန်းရဲ့အပြုံးလေးတစ်ခုရလိုက်ရင်ပဲ ဇီ့အတွက်ကဆုလာဘ်ကြီရလိုက်သလိုပါပဲ။

DIARIES Where stories live. Discover now