Chapter 39: :Brothers of adam

146 2 0
                                    

 အခန်း ၃၉။ အက်ဒမ်ညီအစ်ကိုများ

​ရောင်းန်က​နေ ​ဂျေဆင်ဂျိမ်းစ်​ပျောက်သွားတဲ့ ရက်ပိုင်းအတွင်း ဂိုဏ်းပြသနာ​တွေတစ်ခုပြီးတစ်ခု ဖြစ်ပေါ်လာသည့်အတွက် ဂျေဆင်ဂျိမ်းစ်နဲ့အကြီးအကဲတွေ အားချင်းအစည်းဝေးထိုင်ဆွေးနွေးရသည့်အခြေနေကိုရောက်လာသည်။ ဒီအစည်းအ​ဝေးက လူချင်း​တွေ့ပြီး​ပြောဆိုရတာမျိုးမဟုတ်​ပေမယ့် အက်ဒမ်ကိုအဲဖရက်ဆီကလုယူပြီးတဲ့​နောက် ဒုတိယအကြိမ်မြောက် သူတို့နဲ့မျက်နှာချင်းဆိုင်ရတာပဲ။ ဒီ​နေရာမှာ အဲဖရက်နဲ့ ​ဂျေဆင်ဂျိမ်းစ်ကွာခြား​စေတဲ့အချက်က အကြီးအကဲ​တွေက ​ဂျေဆင်ဂျိမ်းစ်ဘာအ​ကောင်မှန်း​သေချာမသိ​​သေးကြတာရယ် အဲဖက်လွတ်​မြောက်သွားပြီဆိုတဲ့သတင်း​တွေသူတို့နားထဲ​ရောက်​နေကြတာရယ်သာဖြစ်သည်။ ဒီနေရာ ဒီပုလ္လင်မှာထိုင်နေရတာဟာ ဂျေဆင်ဂျိမ်းစ်အတွက် အဲဖရက်အနောက်ကလိုက်လို့ပြေးနေရတဲ့နှစ်တွေထပ်တောင်ဖိအားများနေပါသေးသည်။ ထိုအကြောင်းကိုအကြီးကဲနံပါတ် ၁ကထပ်လောင်းသတိပေးလာသည်။ 

"ဂျေဆင် မင်းထိုင်နေတဲ့နေရာက ဂိုဏ်းခေါင်းဆောင်ဆိုတာသိတယ်မဟုတ်လား စည်းမျဥ်းစည်းကမ်းအရမင်းဒီ​နေရာမှာထိုင်​နေရ​ပေမယ့် မင်းကိုငါတို့​ခေါင်း​ဆောင်တစ်​ယောက်အဖြစ်ဘယ်လိုယုံကြည်အားကိုးနိုင်မှာလဲ…"

ပြဿနာဖြစ်ခဲ့သည့် အကြီးအကဲ နံပါတ် ၁ကဂျေဆင်ဂျိမ်းစ်ကိုမကျေနပ်ချေ ။ သူ့ရဲ့ဆေးတွေကိုအိမ်နီးချင်းနိုင်ငံဆီတင်ပို့တဲ့ကိစ္စမှာ မူးယစ်ဆေးနဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးကမိပြီးပစ္စည်းတွေအားလုံးအသိမ်းခံလိုက်ရသည်။ ထိုပစ္စည်းတွေကပမာဏအများကြီးဖြစ်ပြီးတန်ဖိုးကြီးတာမို့နောက်ကြောင်းလိုက်ရင်း နံပါတ်၁ကိုပါမိသွားနိုင်သည် ။ ထို့ကြောင့်ထိုလူကြီးကဒေါပွနေရခြင်းဖြစ်သည်။ 

"ရောင်းန်းမှာဖြစ်တဲ့ကိစ္စတွေအားလုံး​ရော ဂိုဏ်းထဲကကိစ္စအဝဝပါ မင်းမှာတာဝန်ရှိတယ်ဆိုတာသိရဲ့လား"

ထိုလူကြီးရဲ့​လေသံက​အေးစက်လွန်းလို့ လူချင်းမျက်မြင်မဟုတ်တဲ့အချိန်မှာ​တောင် တစ်ဖက်လူကိုတုန်လှုပ်​စေနိုင်တဲ့အထိအရှိန်အဝါ​တွေကြီးလှသည်။ 

DIARIES Where stories live. Discover now