အခန်း ၃၆။ အနမ်းသင်ခန်းစာ
လေဆိပ်မှာမေရီ့ကို၁၅မိနစ်လောက်ပဲစောင့်လိုက်ရသည် ။ ဇီရောင်းန်ကထွက်လာပြီးသတိအရဆုံးလူကရှိန်းဆိုရင် မေရီနဲ့တွမ်ကဒုတိယ သတိအရဆုံးပဲ။ မေရီ့ကိုတွေ့ရဖို့ဇီစိတ်လောနေပြီး တကယ်တမ်းမေရီကဇီ့အရှေ့ကိုရောက်လာတာတောင် ဇီမမှတ်မိဘူး ။ မေရီ့ကိုဇီကဂါဝန်လှလှလေးနဲ့ ဆံပင်ရှည်ရှည်၊ မိတ်ကပ်လှလှပြင်ထားတဲ့ မိန်းကလေးလို့မျှော်လင့်မိတာကိုး..။ ဇီ့အရှေ့ကမေရီကတီရှပ်အပွနဲ့ဂျင်းဘောင်းဘီဝတ်ထားသည်။ ပုခုံးလောက်သာရှိတဲ့နဲ့ဆံပင်တိုလေးနဲ့ မိတ်ကပ်မပါပဲကြည်လင်နေတယ်။ ဇီမမှတ်မိတာမဆန်းပါဘူး။ မေရီကတော့ဇီ့ကိုပြေးဖက်ကာ
"ဇီ....ကြည့်ပါဦး ယူ့လှလိုက်တာ မေတောင်မမှတ်မိတော့ဘူးယူ့ကို"
"မေရီ..??...ဇီမေ့ကိုသတိရနေတာ"
မေရီပြောင်းလဲသွားတဲ့အကြောင်းကိုတော့ဇီမပြောမိပေမယ့်မေရီကရယ်ကာ
"မေ့ကိုမမှတ်မိဘူးဟုတ်.."
"အင်း..ဇီမေ့ကိုမမှတ်မိလိုက်ဘူး"
"ဟားဟား...ထင်သားပဲ.."
ရှိန်းကမေရီ့အိတ်တွေယူပေးတာတောင် မေရီကအတင်းငြင်းပြီး ကိုယ့်ဘာ့သာကိုယ်သယ်သည် ။ မေရီကပိုပြီးလှလာပါသည် ။ ဒါပေမယ့်အရင်ကလိုမဟုတ်ဘူး။ မေရီ့မှာဘာတွေဖြစ်ခဲ့တာလဲဇီမသိပါဘူး...တစ်ခုခုဆိုးဝါးတာလို့ဇီထင်သည် ။ မေရီပျော်နေတာမျက်နှာဖုံးကြီးနဲ့လေ...သူဒီလိုဖြစ်နေတာ ဂျေဆင်ဂျိမ်းစ် ကြောင့်လား။
"ဇီဘာလို့အဆက်အသွယ်ပျက်သွားတာလဲ ဖုန်းနံပါတ်တွေရော၊ social mediaမှာရောလုံးဝပျောက်သွားတာ"
"ဟုတ်တယ်ဖုန်းပျောက်သွားတာ၊ social mediaကဇီမသုံးဖြစ်တော့ဘူး...စာတွေများလာလို့ပါ"
ဇီ့ရဲ့ဆင်ခြင်ကိုမေရီကအထွန့်မတတ်ပဲလက်ခံပေးပါသည်။ လေဆိပ်ကနေဟိုတယ်ရောက်တဲ့အထိတစ်လျှောက်လုံးဇီတို့နှစ်ယောက်တည်းစကားတွေများနေကြသည် ။ ရှိန်းကဇီ့ကိုမေရီတည်းတဲ့ဟိုတယ်မှာထားခဲ့ပြီးထွက်သွားသည်။ မေရီနဲ့ဇီကလည်းစကားမဖြတ်နိုင်ပဲဖြစ်နေကြသည်။
YOU ARE READING
DIARIES
Romanceအထက်တန်းကျောင်းသူလေးတစ်ယောက် နာမည်ကြီးကျောင်းတော်ကြီးတစ်ခုကိုပြောင်းလာခဲ့တယ်။ ကျောင်းတတ်တဲ့နေ့မှာပဲ ရန်ပွဲတစ်ခုထဲမှာဝင်ပါမိပြီး သူ့ရဲ့ဒိုင်ယာရီလေးထဲမှာ ကောင်လေးတစ်ယောက် ရောက်လာခဲ့ရာက....