Diaries (ဒိုင်ယာရီများ)
အခန်း ၂။ မင်းရဲ့နှလုံးသားကိုမယုံလိုက်နဲ့
သူထွက်သွားပြီးတဲ့နောက် ရန်ပွဲကိုဝိုင်းကြည့်နေကြသည့်လူအုပ်ကြီးကလည်း တစတစနှင့်တဖြေးဖြေးပါးသွားသည် ။ မြေကြီးပေါ်တွင် ဒုတိယအကြိမ်လဲလျောင်းနေကြသော စာရွက်များကိုကောက်ရင်းဇီသက်ပြင်းထပ်ချလိုက်မိသည် ။
ဇီကအရမ်းအတွေးများပြီး သိပ်စိတ်ကူးယဉ်တတ်သည့် မိန်းကလေးတစ်ယောက်ဖြစ်ပေမယ့် ၊ အခုလိုလူတစ်ယောက်ကို အသိစိတ်ပျောက်လောက်အောင်ငေးကြည့်နေမိတာတော့တစ်ခါမှမဖြစ်ဖူးဘူး။
ဒီတစ်ခါအစာကွင်းဆက်မှာ အနင်းခြေမခံခဲ့ရတာ ဇီကံကောင်းသွားသည်။ သူနဲ့ထပ်မတွေ့မိအောင် ရှောင်နေရမည်။ သူ့မျက်စိအောက်မရောက်မိအောင် နေရမည်။ သူမကျေနပ်ရင် ဇီ့ရဲ့ကျောင်းတတ်ရတဲ့နေ့တွေ ငရဲကျသွားနိုင်သည်။
စာရွက်တွေကောက်နေတုန်း ဇီကူညီပေးလိုက်တဲ့ကျောင်းသားက ပြန်ရောက်လာသည်။ ဇီ့ကိုကူပြီး တစ်စစီပြန့်ကျဲနေတဲ့စာရွက်တွေကို ကောက်ပေးရင်း ကျောင်းသားက အသံတိုးတိုးနှင့် ကျေးဇူးတင်ကြောင်းပြောလာသည်။ တမင်အသံတိုးပြီးပြောနေတာ မဟုတ်ပဲ သူ့အသံတွေထွက်မလာတာထင်သည်။
အက်ကွဲကွဲရှတတအသံတွေနှင့် သူကဆိုသည်။
"ခုနကထွက်သွားမိတာ sorry ပြီးတော့ မင်းကိုကျေးဇူးတင်တယ်"
သူ့မျက်နှာတစ်ခုလုံးက ဒဏ်ရာတွေချည်း ၊မျက်လုံးတစ်ဖက်က နီညိုရောင်ပြောင်းကာဖူးယောင်နေသည်။ ပေါက်ပြဲနေတဲ့ဒဏ်ရာတွေက သွေးစအချို့ပေကျံနေတုန်းပင်။ ဒဏ်ရာတွေကိုဆေးမထည့်ပဲ မျက်နှာသာသစ်လာပုံရသည်။ ကြည့်ရတဲ့လူတောင် မသက်မသာဖြစ်ကာ မျက်နှာရှုံမိသည်အထိ။
"နင်...အဆင်ပြေရဲ့လား"
သူကဇီ့ကိုကြည့်ကာခေါင်းငြိမ့်လာသည်။ လက်ထဲကစာအုပ်တွေကို တောင်းရင်းဇီ့ပြန်မေးသည်။
"မင်းကော...သူမင်းကိုဘာလုပ်သွားသေးလဲ"
"ငါ...ဘာမှမဖြစ်ပါဘူး"
YOU ARE READING
DIARIES
Romanceအထက်တန်းကျောင်းသူလေးတစ်ယောက် နာမည်ကြီးကျောင်းတော်ကြီးတစ်ခုကိုပြောင်းလာခဲ့တယ်။ ကျောင်းတတ်တဲ့နေ့မှာပဲ ရန်ပွဲတစ်ခုထဲမှာဝင်ပါမိပြီး သူ့ရဲ့ဒိုင်ယာရီလေးထဲမှာ ကောင်လေးတစ်ယောက် ရောက်လာခဲ့ရာက....