Diaries (ဒိုင်ယာရီများ)
အခန်း ၂၄။ အနမ်းတစ်ပွင့်
"ဇီ မင်ဒဏ်ရာတွေကိုအရင်ကြည့်ရအောင်"
"ရတယ်..မကြည့်ဘူး..."
"မင်းအရိုးတွေကျိုးနေနိုင်တယ်"
"ငါဘာမှမဖြစ်ဘူး"
"ဇီ..."
"ဂျေဆင်...သူ့ကိုကယ်လိုက်ပြီလားငါသိချင်တယ် ငါသိရမှဖြစ်မယ်"
အရေးပေါ်ခန်းရှေ့မှာ ဂျေဆင်ဂျိမ်းနဲ့ လူအချို့ရှိနေသည် ။ ဘယ်ကလူတွေလဲ ၊ ဘယ်သူတွေလဲ ဇီမသိပါဘူး။ ဇီသိတာ ဂျေဆင်ဂျိမ်းစ်တစ်ယောက်ပဲရှိသည်။ ဒါပေမယ့်သူတို့အားလုံးအရေးပေါ်ခန်းက ရှိန်းအတွက်စိတ်ပူနေကြသည်။
တော်တော်ကြာအောင် အရေးပေါ်ခန်းထဲက ဘာသတင်းမှမကြားရဘူး။ ဇီပဲအရမ်းစိတ်ပူနေလို့လား အချိန်တွေက အရမ်းကြာနေတာလားမသိတော့ပါဘူး။ ခန္ဓာကိုယ်က တဖြေးဖြေးအားနည်းလာပြီး အိပ်ချင်လာသည်။ ထိုနေရာမှာပဲပစ်လှဲချချင်မိပေမယ့် ဇီအိပ်ပျော်သွားလို့မဖြစ်ဘူး...။
ရှိန်း..သူအဆင်ပြေလားသိရမှရမယ်။
ခွဲစိတ်ခန်းဝတ်စုံနဲ့လူတစ်ယောက် အပြင်ထွက်လာသည်။ သူကဂျေဆင်ဂျိမ်းစ်ဆီလျှောက်လာပြီး မျက်နှာပေါ်ကmaskကိုဖြုတ်လိုက်သည်။ ဆရာဝန်နဲ့မတူအောင် သူကသိပ်တုန်လှုပ်နေသည်။
"သူအန္တရာယ်ကင်းပြီတဲ့..သတိရဖို့ကိုတော့ ကိုယ်တို့စောင့်ကြည့်ရမှာပဲဂျေ"
ဂျေဆင်ဂျိမ်းက သက်ပြင်းချပြီး ထိုဆရာဝန်ရဲ့ပုခုံးကိုဖက်လိုက်သည်။
"တော်သေးတာပေါ့အစ်ကိုရာ..."
"ဇီ...သူအဆင်ပြေပြီတဲ့"
"တော်သေးတာပေါ့...တော်သေးတာ...."
ဇီစိတ်အေးသွားသည်။ ထိုင်ခုံမှာပြန်ထိုင်လိုက်တော့မှ ဆွဲအားတစ်ခုက ဇီ့ကိုဆွဲချသွားလိုက်တာ အနားက လူတစ်ယောက်က ဇီ့ကိုပွေ့ဖတ်လိုက်ပြီး အော်သံနဲ့ဆူညံသံတွေလည်း တစ်ဖြေးဖြေးဆိတ်သုန်းသွားတော့သည် ။
ရှိန်းက ထိုလူအုပ်ကြီးထဲ ဝင်သွားတာကို ဇီပြန်မြင်ယောင်နေသည် ။ သူ့လက်ကို ဆွဲဖို့ကြိုစားလိုက်ပေမယ့် ထိလို့မရဘူး ဇီသူ့ကိုအော်းပြောလိုက်သည်။
YOU ARE READING
DIARIES
Romanceအထက်တန်းကျောင်းသူလေးတစ်ယောက် နာမည်ကြီးကျောင်းတော်ကြီးတစ်ခုကိုပြောင်းလာခဲ့တယ်။ ကျောင်းတတ်တဲ့နေ့မှာပဲ ရန်ပွဲတစ်ခုထဲမှာဝင်ပါမိပြီး သူ့ရဲ့ဒိုင်ယာရီလေးထဲမှာ ကောင်လေးတစ်ယောက် ရောက်လာခဲ့ရာက....