Chapter 27: :The throne of hell

150 10 0
                                    

အခန်း ၂၇။ငရဲပြည်မှနန်းတတ်ပွဲ

တစ်နိုင်ငံလုံးကtv channal တွေမှာထပ်တလဲလဲပြနေကြတာက အက်ဒမ်တွေရဲ့ဘုရင်ကို ရောင်းန်းမြို့ရဲ့မူးယစ်ဆေးဝါး နှင့်အကြမ်းဖက် တိုက်ဖျက်ရေးအဖွဲ့ကဖမ်းဆီးလိုက်တဲ့သတင်းတွေပဲဖြစ်သည်။ ထိုအဖွဲ့ကို သိပ်မကြာခင်ကမှဖွဲ့စည်းခဲ့တာဖြစ်ပြီး မူးယစ်ဆေးဝါးဖြန့်ချီမှု၊ လူကုန်ကူးမှု၊ လက်နက်ရောင်းဝယ်ရေးနဲ့ အက်ဒမ်လိုမြေအောက်အဖွဲ့အစည်းကြီးတွေကိုအမြစ်ဖျက်ဖို့ရည်ရွယ်သည်။

ရောင်းန်မြို့ကလူ တော်တော်များများကတော့အက်ဒမ်တွေရဲ့အကြောင်းကို ဒီသတင်းတွေမှာမှကြားဖူးကြတာပါ ။ တကယ်တော့အက်ဒမ်တွေဟာ ရောင်းန်းမြို့မတည်ခင် တည်းကတည်ရှိနေခဲ့ကြပြီးထိုလူတွေကပဲ နိုင်ငံရဲ့အခြေခံအုတ်မြစ်တွေဖြစ်ခဲ့ကြတာတဲ့။ သို့သော်လည်းလှပတဲ့မြို့တော်ရဲ့အောက်မှာငြိမ်သက်စွာတည်ရှိနေတဲ့ ညစ်ပတ်တဲ့မြို့အုပ်ရိုးကိုဘယ်သူကငုံကြည့်မှာနည်း။ လူတွေသည်ကား အရှေ့တည့်တည့် ၊ ဘေး ဘီ ဝဲ ၊ယာနှင့် အမိုးကောင်းကင်ကိုသာကြည့်လေ့ရှိကြသည့်အမျိုးမဟုတ်ပါလား။

ယခုတရားရုံးတော်တွင်ရောင်းန်းမြို့မှာနာမည်အကြီးဆုံး၊ အဆိုးဝါးဆုံးလူသေမှုဖြစ်ခဲ့သည့် ၇နှစ်သားကလေးငယ်တစ်ယောက် မိချောင်းကန်ထဲပြုတ်ကျခဲ့သည့်အမှုအတွက် နှစ်တွေကြာမှသံသယရှိသူထွက်ပေါ်လာသည်။သံသယရှိသူကလည်း သူဟာတရားခံ ဖြစ်ကြောင်းဝန်ခံခဲ့သည်။

ထိုအမှု၏တရားခံမှာ၇နှစ်ကလေးငယ်ရဲ့ဦးလေးတော်စပ်သူအက်ဒမ်ဂိုဏ်းရဲ့ခေါင်းဆောင် အဲဖရက်ဂျိမ်းစ်သာဖြစ်လို့နေသည်။သတင်းတွေကဖော်ပြလာတဲ့အက်ဒမ်ဂိုဏ်းခေါင်းဆောင်အဲဖရက်ဂျိမ်းစ်ရဲ့လူမဆန်လွန်းတဲ့ပြစ်မှုတွေကြောင့် အချို့ကလည်းဆဲရေးကြသည် ။ အချို့ကလည်းထိုပြစ်မှုတွေဟာလူသားတစ်ယောက်လုပ်နိုင်ပါရဲ့လားဟူ၍ ကြောက်လန့်ပြီး စိုးရိမ်နေကြသည် ။ များပြားတဲ့ပြစ်မှုတွေ၊ စွဲချက်တွေတစ်ပုံကြီးနဲ့ဆယ်ခါပြန်သတ်လျှင်တောင်အပြစ်ပေးလို့မနိုင်တဲ့ ထိုတရားခံဝက်ခြံကျဉ်းကျဉ်းလေးထဲကလူကတော့...သူ့တို့ကိုလှောင်ပြီးအရူးတစ်ယောက်လိုရယ်နေတုန်းပဲ ။ သူ့ရဲ့ပြူးကြောင်နေတဲ့မျက်လုံးတွေကလုံးဝရူးသွပ်နေပြီးအညှာအတာမဲ့သည်။ ထိုလူကိုထိန်းမနိုင်လို့ ကြိုးတွေအများကြီးနဲ့တုတ်ထားရသည် ။ ပိန်ကပ်ကပ်နဲ့ဖြူဖျော့ဖျော့လူတစ်ယောက်အတွက်ဒီလောက်ကြိုးတွေကမများလွန်းဘူးလားလို့တွေးနေတဲ့လူတွေကို ထိုလူကဝက်ခြံတစ်ခုလုံးကိုခြေထောက်နဲ့ကန်ကာဖျက်စီးရင်းသက်သေပြလိုက်သည် ။ အရူးတွေသည် ပို၍သန်မာတတ်ကြသည်တဲ့။

DIARIES Where stories live. Discover now