Diaries (ဒိုင်ယာရီများ)
အခန်း ၁၈: :အရာအားလုံး ဆုံးရှုံးသွားခဲ့သော်လည်း
"ကလေးမ..ကိုကိုနဲ့ပြန်မလိုက်ချင်တာသေချာလား"
ဇီခေါင်းငြိမ့်လိုက်သည်။
"ဇီလိုက်ချင်ရင် အခုချက်ချင်း ကောက်လိုက်လာလို့ရသေးတယ်နော်"
ကားတံခါးကိုဖွင့်ရင်း ကိုကိုက ဇီ့ကိုသူ့ဆီလိုက်နေဖို့ထပ်ခေါ်ပြန်သည်။ ကိုကိုကဇီ့ကို ထားခဲ့ဖို့အများကြီးစိတ်ပူနေသည်။ သူ့မှာအလုပ်တွေရှိနေတာကို ဇီနားမှာ၂ပတ်လောက် နေသွားသေးသည်။
အခုလည်း ဇီ့ကိုသူနဲ့အတူ လက်ဒ်ကိုပြန်လိုက်လာဖို့သာ သူအတင်းခေါ်နေတော့သည် ။ ဇီလိုက်ခဲ့ရင် ဘဘကြီးကရော ဘာပြောမလဲ သူမတွေးဘူး။ ဇီမေးရင်လည်း ကိုကိုက သူ့ကိုပဲကြည့်ပြီးနေဖို့လိုကြောင်း ပြောပါလိမ့်ဦးမည်။
ကိုကိုနဲ့အတူနေသင့်တာသိပေမယ့် လက်ဒ်ကို ဇီမပြန်ချင်ပါဘူး။ မေမေနဲ့နောက်ဆုံး အမှတ်တရတွေရှိတဲ့ ၊ ဇီချစ်ရတဲ့လူတွေရှိတဲ့ ရောင်းန်မှာပဲဇီနေခဲ့ချင်ပါသည် ။
"ဒါဆိုလည်းတစ်ခုခုလိုတာရှိရင် ကိုကို့ကို ချက်ချင်းဖုန်းဆက်နော် တစ်ယောက်တည်းကြိတ်ဖြေရှင်းမနေနဲ့ ဘာပဲလိုလို ဘာပဲဖြစ်ဖြစ် ကိုကို့ကိုပြောကြားလား "
"အင်းပါ...သွားတော့.."
"ကျောင်းမတတ်ချင်သေးရင်မတတ်နဲ့ဦး..."
"အာ..ကိုကိုကသိပ်နားညီးတာပဲ..ဒါတွေပဲထပ်ခါထပ်ခါပြောနေတယ် တော်ပြီသွားတော့ဆိုနေ"
နှုတ်ဆက်ရင်းဝမ်းနည်းလာတော့ ဟန်မဆောင်နိုင်ပဲ အသံကတိမ်ဝင်သွားသည်။ ဇီ့ကိုအရိပ်တကြည့်ကြည့်နေတဲ့ ကိုကိုက ကားပေါ်မတတ်နိုင်သေးပဲ ဇီ့ကိုပွေ့ဖက်ပြန်သည်။
"ညီမလေးမှာကိုကိုရှိတယ်"
"ဟုတ်..."
"အခု ကိုကိုက ညီမလေးရဲ့အဖေလည်းဟုတ်တယ်၊ ကိုကိုက ညီမလေးရဲ့မေမေလည်းဟုတ်တယ်။ ကိုကိုဇီ့ကိုဘယ်လောက်ချစ်လဲသိတယ်မို့လား"
"ဟုတ်..."
"ဇီ့ကိုထားခဲ့ရတာ ကိုကိုရင်ကွဲတော့မယ်။ ကိုကို့ကို စိတ်ပူအောင်မလုပ်နဲ့နော်။ ဘာပဲလိုလို ကိုကို့ကိုပြော ။ ဇီကကျောင်းတတ်ဖို့ပဲလိုတယ် အလုပ်လည်းလုပ်ဖို့လည်းမလိုဘူး ကိုကိုပိုက်ဆံပို့ပေးမယ် ဟုတ်လား...။ ဇီ အဆင်ပြေလားသိရအောင် ကိုကို့ဆီညတိုင်းဖုန်းဆက်ပေး"
YOU ARE READING
DIARIES
Romanceအထက်တန်းကျောင်းသူလေးတစ်ယောက် နာမည်ကြီးကျောင်းတော်ကြီးတစ်ခုကိုပြောင်းလာခဲ့တယ်။ ကျောင်းတတ်တဲ့နေ့မှာပဲ ရန်ပွဲတစ်ခုထဲမှာဝင်ပါမိပြီး သူ့ရဲ့ဒိုင်ယာရီလေးထဲမှာ ကောင်လေးတစ်ယောက် ရောက်လာခဲ့ရာက....