DIARIES (ဒိုင်ယာရီများ)
အခန်း ၈။ ထာဝရအတွက်ကတိများ
မေရီက ငိုနေသည်တဲ့...။ မဆိုင်သလိုကြည့်နေရတဲ့ ဒီလူရဲ့နှလုံးသားတွေက နာကျင်ရပြီး မင်းနဲ့အတူငိုကြွေးနေရပါတယ်။ မေရီက သူ့ခံစားချက်တွေကို ဖုံးကွယ် ဟန်ဆောင်ပြီး နေနိုင်တဲ့ လူတစ်ယောက် ၊ သူဘယ်လောက်ထိခံစားနေရလို့များ အခုလို အရက်တွေသောက်ပြီး လူတွေရှေ့မှာ မျက်ရည်တွေကျလာရတာလဲ...။
စိတ်မကောင်းဖြစ်လွယ်တဲ့ အငိုလွယ်တတ်တဲ့ကလေးမလေးက အမြဲပျော်ရွှင်နေတဲ့ လူတစ်ယောက်ဖြစ်လာလို့ တွမ်အရင်က ဂျေဆင်ဂျိမ်းစ်ကို ကျေးဇူးတင်ဖူးတယ် ။ နောက်မှဂျေဆင်ဂျိမ်းစ်က ကလေးမကို ဟန်ဆောင်ခြင်းတွေနဲ့ ညစ်နွမ်းအောင်လုပ်တဲ့လူ ဖြစ်နေတယ်တဲ့လေ ။
အခုမှတော့ ဘာမှမတတ်နိုင်တော့ဘူး ။ မေရီကလည်း ဂျေဆင်ဂျိမ်းမှဂျေဆင်ဂျိမ်း ဖြစ်နေပြန်တယ်။ ကိုယ့်ကိုယ်ကိုယ်တောင် မကာကွယ်နိုင်တဲ့ အချိန်မှာ မေရီ့ကိုကာကွယ်ပေးဖို့လည်း တွမ့်မှာ သတ္တိမရှိဘူး ။ ကိုယ်နဲ့ဆန့်ကျင်ဘက်ပဲ ဂျေဆင်ဂျိမ်းစ်ကတော့ မေရီ့ကိုအရာအားလုံးကနေ ကာကွယ်ပေးနိုင်တယ် ။ ညစ်နွမ်းနေပေမယ့် မေရီနှလုံးသားလေးကအခုထိ ကလေးတစ်ယောက်လိုအဖြူရောင်လေး..။
ဒဏ်ရာတွေနဲ့ အဖြူရောင်ငန်းမလေး...။ မကူညီနိုင်လို့ပဲ သူ့ကိုသွားမထိရက်ဘူး...။ ဘာအင်အားမှမရှိပေမယ့် မေ့ကိုပျော်အောင်ထားနိုင်ပါတယ်လို့ ကတိတွေပေးပြီး ဂျေဆင်ဂျိမ်းစ်လက်ထဲက လုပြေးလိုက်ချင်ပေမယ့် ဂျေဆင်ဂျိမ်းစ်ကမှ သူ့ကိုအဖြူရောင်လေးအဖြစ်ထားနိုင်မှာတဲ့။ တွမ့်မှာသူနဲ့ယှဉ်ဖို့ရော အခြားလူတွေနဲ့ယှဉ်ဖို့ပါ ယုံကြည်ချက်မရှိဘူး။ ကလေးမကိုကယ်လာတယ်ဆိုပြီးမှပိုဆိုးရွားတဲ့နေရာကိုတွမ်မရောက်စေချင်ဘူး။
ဒီအတိုင်းလေးမိုးလင်းသွားချင်လည်း နေလို့မဖြစ်ဘူး။ ကိုယ်တိုင်တောင် ထားရာနေစေရာသွား နေရတဲ့ အခြေနေနဲ့ လက်ညိုးညွန်သမျှ အရာရာဖြစ်နိုင်တဲ့ ဂျေဆင်ဂျိမ်းစ်လိုလူကို ဘယ်လိုဆန့်ကျင်မလဲ။ ကိုယ်က အခုထိသူ့အတွက် အကာအကွယ်မဖြစ်ပေးနိုင်သေးဘူး ။
YOU ARE READING
DIARIES
Romanceအထက်တန်းကျောင်းသူလေးတစ်ယောက် နာမည်ကြီးကျောင်းတော်ကြီးတစ်ခုကိုပြောင်းလာခဲ့တယ်။ ကျောင်းတတ်တဲ့နေ့မှာပဲ ရန်ပွဲတစ်ခုထဲမှာဝင်ပါမိပြီး သူ့ရဲ့ဒိုင်ယာရီလေးထဲမှာ ကောင်လေးတစ်ယောက် ရောက်လာခဲ့ရာက....