အခန်း ၃၄။ ဆေးလိပ်မီးခိုးငွေ့တွေရဲ့ပုံပြင်
ဒီလူကြီးကအိပ်ပျော်နေတာတောင် ကြည့်ကောင်းနေတုန်းပဲလို့ အန်ထ့်သဘောကျစွာတွေးနေမိသည်။
ခင်ဗျားမျက်နှာပေါ်ကနေရောင်ခြည်လေးကိုတောင်မနာလိုဖြစ်ပြီးမုန်းရတဲ့အထိ ခင်ဗျားကိုကျွန်တော်ချစ်တာ၊ ခင်ဗျားရဲ့အရာရာကိုကျွန်တော်ပဲပိုင်ချင်တဲ့အထိကျွန်တော်ကအတ္တကြီးတယ်။ မနက်တိုင်းခင်ဗျားဘေးမှာနိုးခွင့်ရဖို့ဘာမဆိုလုပ်မိမှာပဲ...။ နေ့တိုင်းအတူရှိနေရတာတောင် အတူမကုန်ဆုံးရတဲ့နာရီတွေနဲ့ရန်ဖြစ်ချင်သေးတာ။
အန်ထ်ခေါ်ခွင့်ရတဲ့နာမ်စားလေးက...ကိုကိုတဲ့...။ ဒီလူကြီးသိပ်အချွဲကြိုက်သည်။ အဲ့ဒီ့နာမ်စားလေးကိုရူးလောက်အောင်မြတ်နိုးမိတာလည်း အန်ထ့်ကိုယ်တိုင်ပါပဲ..။
ကိုကို.. ကိုကို.. ကိုကို..
ကိုကို့ရင်ဘက်ကိုနမ်းလိုက်တော့ညည်းသံတိုးတိုးနဲ့ကိုကိုနိုးလာသည်။
"အင်း...ကလေးဘယ်နှနာရီရှိပြီလဲ"
"၆နာရီထိုးပြီ.."
ရင်ခွင်ထဲတိုးဝင်လာတော့ကိုကိုကအန့်ထ့်ကိုသူ့ပေါ်ကပြုတ်ကျမသွားအောင်ဖက်ပေးထားသည်။ အန်ထ့်ကိုကို့မေးစေ့ကိုနမ်းသည် ၊နှုတ်ခမ်းတွေထပ်အနမ်းတွေပေးသည် ၊ပါးနှစ်ဖက်ကိုလည်းနမ်းသည် ၊ ဖြေးဖြေးမှန်မှန်လေးလေတွေရှုသွင်းနေတဲ့နှာတံလေးကိုလည်းနမ်းလိုက်သည် ။ နိုးနေတာတောင်အခုထိပွင့်မလာသေးတဲ့မျက်လုံးတွေကိုအားပါးတရနမ်းပစ်လိုက်သည် ။
"ကိုကိုရေမျက်လုံးဖွင့်ပါတော့...! ကိုကို့မျက်လုံးကဘာအရောင်လဲတောင်မေ့နေပြီ"
"ခဏေလး..ကိုကိုအရမ်းအိပ်ချင်နေလို့ပါ"
ညဘက်မိုးချုပ်တဲ့အထိဂျူတီတွေစောင့်ရတယ်၊ စာတွေကျက်ရတာနဲ့ တစ်နေ့တနေ့ကိုကို့မှာအိပ်ချိန်၃ ၊ ၄နာရီလောက်ပဲရှိသည် ။ အန်ထ့်ကိုကို့ကိုသိပ်သနားတာပဲ။ အန်ထ့်သာ နေ့တိုင်းအဲ့လောက်လေးပဲအိပ်ရမယ်ဆိုရင်ရူးသွားလိမ့်မည် ။
YOU ARE READING
DIARIES
Romanceအထက်တန်းကျောင်းသူလေးတစ်ယောက် နာမည်ကြီးကျောင်းတော်ကြီးတစ်ခုကိုပြောင်းလာခဲ့တယ်။ ကျောင်းတတ်တဲ့နေ့မှာပဲ ရန်ပွဲတစ်ခုထဲမှာဝင်ပါမိပြီး သူ့ရဲ့ဒိုင်ယာရီလေးထဲမှာ ကောင်လေးတစ်ယောက် ရောက်လာခဲ့ရာက....