Chapter 25: :The end of the period

182 7 0
                                    

Diaries (ဒိုင်ယာရီများ)

အခန်း ၂၅။ အဆုံးသက်တဲ့လား။ မဟုတ်ဘူး။

ရှိန်းက ဇီ့နှလုံးခုန်သံတွေကို ​ဗြောင်းဆန်လာ​အောင် သူလိုရာဖန်ဆင်းနိုင်သည်။ သူကဇီ့နှလုံးခုံသံတွေကို သူလိုသလိုပဲ ဆိတ်သုန်းစေပြန်သည်။ အဲ့ဒီ့နေ့ပြီးတဲ့နောက် သူဇီ့ကိုနောက်ထပ် ဆက်သွယ်မလာခဲ့ဘူး။ ဇီလည်းသွားပြီးမဆက်သွယ်ရဲတော့ စာမေးပွဲကြီးပြီးတဲ့အထိ ဇီတို့မတွေ့ရတော့ဘူး။

စာ​မေးပွဲ​နောက်ဆုံးနေ့မှာ အခန်းထဲကလူတွေက ​ရေတွေပတ်ကြ၊ ပူဖောင်းတွေ၊ ​ရောင်စုံ​ဆေးရောင်မှုန့်​တွေ၊ ဆပ်ပြာမြုပ်တွေနဲ့ဆော့ကြသည် ။ ​ကျောက်းအင်္ကျီအဖြူ​ပေါ်အမှတ်တရစာတန်း​တွေဝိုင်း​ရေး​ပေးကြသည်။ ဒီလူ​တွေထဲကဒီလူတစ်​ယောက်ပဲမို့ ဇီ့တစ်ကိုယ်လုံးလည်း ​ဆေးရောင်စုံ၊ စာတန်းတွေ ရေတွေရွဲစိုပြီးရှုပ်ပွ​နေ​တော့သည် ။

ဒီ​နေ့က​အထက်တန်း​ ​ကျောင်း​နောက်ဆုံး​နေ့ဖြစ်သည်။ ဇီသူ့ကို ဒီနေ့တွေ့ရမှဖြစ်မည်။ အကြိမ်ကြိမ်အခါခါ စဉ်းစားပြီး ဆုံးဖြတ်ချက်ချခဲ့ရသည် ။ ဇီသူ့ကိုပြောရမည် ။ ဇီသူ့ကိုအရမ်းချစ်နေပါတယ်ဆိုတဲ့ အကြောင်းသူသိ​အောက်​ပြောပြရမည်။

ရှိန်းဘက်က ဘယ်လိုတုန့်ပြန်တယ်ဆိုတဲ့ အပေါ်မူတည်ပြီး ဇီတို့ဝေးသွားကြမှာလား၊ ပိုပြီးနီစပ်လာကြမှာလား ဆိုတာကိုဆုံးဖြတ်ရမည်။ သူရဲဘောကြောင်တဲ့ စည်းတွေ၊ ဘောင်တွေကို ဖြတ်သိမ်းပစ်​တော့မည်ဟု ဆုံးဖြတ်ပြီး ဇီတို့အဆောင်ကနေထွက်ကာ အဆောက် ၁ ဆီချီတတ် သွားလိုက်သည်။

အ​ဆောင် ၁​ရောက်​တော့ အချစ်သူရဲ​ကောင်းကြီးဇီစာ ​ကြောက်ဖျား​တွေဖျားပြီး ​မေရီနဲ့အရင်တိုင်ပင်မှ ဖြစ်မည်ဟု​တွေးမိပြန်သည်။ အယောက် ၂၀လောက်သာရှိသည့်အဆောင် ၁မှာ ဇီနဲ့သိတဲ့လူတွေ တစ်ယောက်မှမတွေ့ခဲ့ရဘူး။ ရှိန်းနဲ့အမြဲ တတွဲတွဲတွေ့ရတတ်တဲ့ တရုတ်ကောင်လေး ဝူ ကိုတွေ့တော့ မေရီရှိလားလို့မေးကြည့်လိုက်သည် ။ ​မေရီမရှိဘူးတဲ့..။

ဂျေဆင်ဂျိမ်းနဲ့လည်းမတွေ့ခဲ့ဘူး ။ သူတို့နှစ်ယောက် ​အောင်ပွဲခံနေကြပြီဟု ဇီထင်သည်။ ရှိန်းဘယ်မှာလဲ​မေးလိုက်တော့ သူကအဆောင်၁ရဲ့ မှန်လုံအိမ်ကိုလမ်းညွှန်လိုက်သည်။

DIARIES Where stories live. Discover now