Diaries (ဒိုင်ယာရီများ)
အခန်း ၁၆။ ကြိုးနီလေးနှင့်ချိတ်ဆက်ထားပါတော့
ပိတ်ရက်မှာအားနေတုန်း အကြွေးကျန်နေတဲ့essayကိုပြီးအောင်ရေးဖို့ပြင်လိုက်သည်။ ဒီတစ်ပတ်ပိတ်ရက်က မေရီနဲ့အကသင်ဖို့ကလွဲရင်ဘာမှလုပ်စရာမရှိဘူး ။ တွမ်ကတနင်္ဂနွနေ့မှဆိုင်ကိုလာခဲ့မယ်ဟုပြောထား၍်အဲ့နေ့ကျမှပဲ သူ့ကိုစာကူးစရာတွေပြရင်းအလုပ်ရှုပ်ရတော့မည် ။ ဇီစာလုပ်နေတုန်းရှိန်းဆီကဖုန်းလာသည်... ။ သူဇီ့ဖုန်းနံပါတ်ကိုဘယ်လိုသိတာလဲမသိပေမယ့် သူ့ဖုန်းနံပါတ်ကတော့ ကျောင်းသားကောင်းစီကိုသွားရင်မေးလို့ရသည်။ ဒါကဇီတို့ရဲ့ပထမဆုံးဖုန်းပြောခြင်းပါပဲ...
"Hello...အင်း..ရှိန်း"
"မြို့ထဲလိုက်မလား"တဲ့
သူဇီ့ကိုအပြင်ထွက်ဖို့လှမ်းခေါ်နေတာလား။ ဘုရားရေ...ဇီတို့ဘယ်တုန်းကဒီလောက်ထိရင်းနှီသွားတာပါလိမ့်။
"ဘယ်တော့လဲ"
"အခု"
ဇီ့အိမ်ရှေ့ကနေ ဆိုင်ကယ်ဟွန်းသံထွက်လာသည်။ ဇီလေသာဆောင်ကနေ ထွက်ကြည့်လိုက်သည်။ သူကဆိုင်ကယ်ပေါ်က ဆင်းလာသည်။ ဦးထုပ်ကိုချွတ်ပြီး ဇီ့ကိုမော့ကြည့်သည်။ မေမေအိမ်မှာမရှိလို့တော်သေးသည် မဟုတ်ရင်သူ့ကိုအိမ်ထဲ အတင်းဖိတ်ပြီးဇီ့ကိမျြက်နှာပူအောင်လုပ်နေဦးမှာ
အနက်ရောင်လည်သာအင်္ကျီနဲ့ ဆိုင်ကယ်ပေါ်က လူမိုက်လေးကို ဇီငေးနေတုန်းသူက ဇီ့ကိုမော့ကြည့်လျှက်ပဲ ဟွန်းထပ်တီးလိုက်သည်။
"မြန်မြန်လာ"တဲ့
"ခဏစောင့်! !"
အိမ်ထဲပြေးဝင်လိုက်ပြီး ဇီဘာကိုဘယ်လို စလုပ်ရမှန်းမသိတော့ဘူး။ ရှိန်းနဲ့မြို့ထဲသွားရမယ့် ပထမဆုံး dateလေးကို ဇီအမှတ်တရတွေအများကြီးဖြစ်သွားချင်သည်။ ဇီဆို့ကြားမှာ နောက်တစ်ဆင့်တတ်လာဖို့ ပထမခြေလှမ်းလေးဟုမြင်သည်။
ဒီနေ့အတွက်ဇီလိုတာက မိန်းမဆန်ဆန်နဲ့ ဂါဝန်လေးတစ်ထည်။ ပြီးတော့သဘာဝဆန်ဆန် နဲ့ချစ်စရာကောင်းမယ့် koreaမိတ်ကပ်ပုံစံ..၊ ဖိနပ်အမြင့်လှလှလေးတစ်ရံနဲ့ ကျစ်ဆံမြီးသပ်သပ်ရပ်ရပ်နဲ့ လှလှလေးပေါ့။ ဆွဲကြိုးလေးတွေလိုနေသေးရင် ထပ်ထည့်လိုက်မည်။ လက်ပတ်နာရီလှလှလေးတစ်ခုလည်းဇီ့မှာရှိသည် ။
YOU ARE READING
DIARIES
Romanceအထက်တန်းကျောင်းသူလေးတစ်ယောက် နာမည်ကြီးကျောင်းတော်ကြီးတစ်ခုကိုပြောင်းလာခဲ့တယ်။ ကျောင်းတတ်တဲ့နေ့မှာပဲ ရန်ပွဲတစ်ခုထဲမှာဝင်ပါမိပြီး သူ့ရဲ့ဒိုင်ယာရီလေးထဲမှာ ကောင်လေးတစ်ယောက် ရောက်လာခဲ့ရာက....