Chapter 19: :Happiness is...

153 7 0
                                    

DIARIES (ဒိုင်ယာရီများ)

အခန်း ၁၉။ ပျော်ရွှင်ခွင့်လေး​ပေးပါ

အခုချိန်မှာ ဇီသာ ကမ္ဘာ​ပေါ်မှာ အလုပ်အများဆုံးလူဖြစ်နေပြီး ပတ်ဝန်းကျင်နဲ့ လူတွေဆီက​နေ အဆက်အသွယ်ပျက်​နေခဲ့သည်။ တစ်နေ့ ​ကျောင်းကန်တင်းမှာ ထမင်းကြော်ဝယ်နေတုန်း ​မေရီတို့အုပ်စုကို လှမ်းတွေ့လိုက်သည်။

မေရီနဲ့​ဂျေဆင်ဂျိမ်းစ်က တစ်ယောက်တစ်ခုံ သက်သက်ဆီထိုင်နေပြီး ဂျေဆင်ဂျိမ်းစ်က ​မေရီ့ကိုအရိပ်အခြေကြည့်လို့နေသည် ။ မေရီက သရဖီတို့နဲ့စကား​ပြော​နေပြီး ​ဂျေဆင်ဂျိမ်းစ်ကို ​ကျောပေးထားသည်။ ကြည့်ရတာ သူတို့ရန်ဖြစ်ထားကြပြန်ပြီ ထင်သည်။ ဇီတို့ ပထမဆုံးကျောင်းတတ်တဲ့နေ့က​ ​တွေ့ခဲ့တဲ့ ရှိန်းရဲ့အနိုင်ကျင့်ခံရတဲ့ ဖြူဖျော့ဖျော့ကောင်လေး အန့်ထ်လည်း သူတို့ဝိုင်းမှာထိုင်နေသည် ။ ကလပ်မှာတွေ့တဲ့ တရုတ်ကောင်လေးဝူကိုလည်း သူတို့ဝိုင်းမှာ​တွေ့သည် ။

သူတို့အဖွဲ့က လူတိုင်းကိုတွေ့ပေမယ့် ဇီလိုက်ရှာနေမိတဲ့ သူကိုတော့မတွေ့ဘူး...။ သူနဲ့ဇီ မတွေ့ဖြစ်တာကြာပြီဆို မေမေ့အသုဘမှာနောက်ဆုံးပဲ...။

"ဘယ်သူ့ကိုရှာနေတာလဲ"

"ဘုရားရေ! !"

အသံက ဇီ့နားအနောက်က​နေ ထွက်လာတော့ လန့်ပြီးလက်ထဲက ထမင်းကြော်တွေပြုတ်ကျကုန်သည်။ ရှိန်းက ဇီ့လက်မောင်းကိုဆွဲလိုက်​တော့ ထမင်းကြော်တွေ ဇီ့ကိုမပေတော့ဘူး။

"အရမ်းလန့်သွားတာကိုး..."

"နင်...ရှိန်းကရုတ်တရက်ရောက်လာတာကိုး"

"လာ...အတူထိုင်ရအောင်"

ရှိန်းကဇီ့ကို ​မေရီတို့ထိုင်နေတဲ့ ဝိုင်းဆီခေါ်လာသည် ။

"ဘာစားမွာလဲ..ခုနကဘာစားမလို့လဲ"

"ထမင်းကြော်.."

"ကိုယ်မှာပေးမယ် ထိုင်နေ"

သူသွားနေတုန်း သရဖီနဲ့မေရီက ဇီ့အနားကိုရောက်လာသည်။

"ဇီညနေကျရင် ညစာအတူတူစားရအောင်လေ"

"ညနေတွေ..ဇီမအားဘူးသရဖီရဲ့.."

DIARIES Where stories live. Discover now