Diaries (ဒိုင်ယာရီများ)
အခန်း ၅။ ဇီ့ကောင်းကင်ကြီးရဲ့အနွေးဘက်ခြမ်း
ကျောင်းပြန်ဖွင့်တဲ့နေ့ ညနေမှာ အကသင်တန်းရှိပေမယ့် သရဖီက မေရီနေမကောင်းလို့ မလာနိုင်ကြောင်းပြောသည်။ ပိတ်ရက်တွေမှာ ဘာတွေဖြစ်ခဲ့မှန်းသိနေလို့ ဇီမေရီ့အတွက်ပိုပြီး စိတ်ပူနေမိတယ် ။ သရဖီ့ကို သေချာမေးချင်ပေမယ့် သရဖီက အဲ့ဒီအကြောင်းကို လူကြားထဲမှာပြောချင်ပုံမရဘူး။
အဲ့ဒီ့ညနေတည်းက တွမ်လည်း ကျောက်ရုပ်တစ်ရုပ်လို ငြိမ်ချက်သားကောင်းနေသည် ။ ဇီလည်း သူနှင့် စကားသွားမပြောဖြစ်ဘူး။ တနေကုန် လူအလစ်ကို ချောင်းနေရပြီး ညနေကျောင်းဆင်းမှ သရဖီကားပေါ်မတတ်ခင် မြန်မြန်သွားပြီး အခြေနေတွေ မေးရတော့သည်။
"သရဖီ ဇီ...မေရီ့ကိုစိတ်ပူလို့"
"ဂျေဆင် လာခေါ်သွားတုန်းက ယူတို့အတူရှိနေတာလား"
ဇီခေါင်းငြိမ့်လိုက်သည် ။ သရဖီက ခဏလောက်စဉ်းစားနေပြီး ခေါင်းငြိမ့်သည်။
"တို့အခုပဲ မေရီ့ဆီသွားမလို့ လိုက်ခဲ့လေ.. လမ်းမှာ ယူလည်းယူသိတဲ့အကြောင်း တို့ကိုပြော တို့လည်းတို့သိတဲ့အကြောင်း ယူ့ကိုပြောမယ်"
"အိုကေ ဇီ့ကျောင်းကားကို မလိုက်ဖြစ်တဲ့အကြောင်း ဖုန်းဆက်လိုက်မယ်"
ကျောင်းကားကိုမလိုက်ဖြစ်ကြောင်းပြေညပြီးနောက် မေမေ့ဆီကိုပါဖုန်းဆက်လိုက်ပြီး သရဖီနဲ့အတူ မေရီ့အိမ်ကိုလိုက်သွားမယ့် အကြောင်းပြောလိုက်သည်။
"တို့ကိုပြောပါဦးသူတို့ဘာဖြစ်ကြတာလဲ"
"ဇီတို့သုံးယောက်နေ့လည်စာသွားစားတာ.."
"သုံးယောက်?ဘယ်သူပါသေးလို့လဲ"
"တွမ်လေ"
"သြော်...အခုမှပဲ ရှင်းတော့တယ်။ ဂျေဆင်ဂျိမ်းစ်ဆိုတဲ့ သတစ က တအားသဝန်တိုတတ်တာ..."
"ဟင်း...သူကျတော့"
"သူကမေရီ့ကို တအားချုပ်ချယ်တာလေ ဆက်ပြောပြဇီ"
"အပြန်ကျတော့ ဂျေဆင်နဲ့တွေ့တယ် ဂျေဆင့်ကားပေါ်မှာရေဗင်ပါလာတယ်"
YOU ARE READING
DIARIES
Romanceအထက်တန်းကျောင်းသူလေးတစ်ယောက် နာမည်ကြီးကျောင်းတော်ကြီးတစ်ခုကိုပြောင်းလာခဲ့တယ်။ ကျောင်းတတ်တဲ့နေ့မှာပဲ ရန်ပွဲတစ်ခုထဲမှာဝင်ပါမိပြီး သူ့ရဲ့ဒိုင်ယာရီလေးထဲမှာ ကောင်လေးတစ်ယောက် ရောက်လာခဲ့ရာက....