Book 36 Chapter 503

23 1 0
                                    

Uni

အခန်း (၅၀၃) ရှေ့ဆက်ရမည့်ခရီး

လေ့ကျင်းသည် သစ်သားဓားလေးကိုကိုင်ကာ ပန်းပုရုပ်တုရှေ့တွင် ရပ်နေလေသည်။

"ကျင်းအော်... ဆက်မထုနဲ့၊ ရပ်လိုက်တော့..."

ဆန်းလျန်က နူးညံ့စွာ ပြောလိုက်သည်။

ဆန်းလျန်၏ စကားသံကြားတော့မှ လေ့ကျင်းသည် စိတ်လျှော့ လိုက်တော့သည်။ ပင်ပန်းမှုကြောင့် သူမ လဲကျမသွား သည်မှာပင် ကံကောင်းလေသည်။

"ဆရာက ဒီပန်းပုရုပ်တုရဲ့ မျက်လုံးတွေကို ထွင်းထု ပေးမှာလား"

သူမက ပင်ပန်းနေသည့် လေသံဖြင့် မေးလိုက်သည်။

ဆန်းလျန်ကပြုံးလိုက်ရင်း...

"ဘယ်တုန်းက မျက်လုံးတွေ ထွင်းပေးမယ်လို့ ပြောဖူးလို့လဲ၊ ကဲ... အခု အနားယူလိုက်ဦး၊ မနက်ဖန် နန်းတော်မှာ ပွဲတော်ကျင်းပမှာ၊ မင်းရဲ့ပန်းပုရုပ်တုကို မင်းရဲ့ဦးရီးတော် သဘောကျမှာ သေချာပါတယ်"

လေ့ကျင်းက တအံ့တသြဖြင့်...

"မနက်ဖန် ပွဲတော်ရက်တောင် ရောက်ပြီလား၊ အချိန်တွေ ဘယ်လို ကုန်သွားပါလိမ့်"

သူမသည် ပန်းပုရုပ်တုကို စိတ်ဝင်တစား ထုလုပ်နေမိပြီး အချိန်တစ်ရက် နှစ်ရက်ခန့်သာ ကြာသေးသည်ဟု ထင်မှတ်နေမိခဲ့ခြင်း ဖြစ်လေသည်။

"ကျင့်ကြံသူတွေက နေ့ရက်တွေကို ရေတွက်လေ့မရှိကြဘူး၊ တစ်နှစ်ကိုလည်း တစ်ရက်လို ခံစားလို့ရနိုင် တာပါပဲ၊ မနက်ဖန် ပွဲတော်ကိုသွားရအောင်၊ အခုကောင်းကောင်း အနားယူလိုက်နော်"

ဆန်းလျန်က ပြောလိုက်လေသည်။

ဆန်းလျန်၏ စကားသံများသည် တန်ခိုးစွမ်းအားများနှင့် ပြည့်နှက်နေသည့်အလား လေ့ကျင်းကို အိပ်ငွေ့ချလိုက် သလိုဖြစ်ကာ ချက်ချင်းပင် အိပ်ငိုက် လာတော့သည်။ ဆန်းလျန်သည် သူမကို ပွေ့ချီကာ အိပ်ရာထက်သို့ ပို့ပေးလိုက်ရလေသည်။

သူမ အိပ်ပျော်သွားသည်နှင့် နှာခေါင်းနှင့် ပါးစပ်များမှ အသက်ရှူခြင်း မရှိတော့ပေ။ သူမ၏ ခန္ဓာကိုယ် မွေးညင်းပေါက် လေးများမှ အသက်ရှူ နေလေသည်။ အပြင်ဘက်မှ လရောင်သည် သူမ၏ ခန္ဓာကိုယ်ဆီသို့ ဖြာကျနေပြီး ထိုလရောင် မှထူးဆန်းသည့် စွမ်းအားတစ်ခု ထွက်ပေါ်လာကာ သူမ၏ မွေးညင်းပေါက်လေးများမှ တစ်ဆင့် ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက် သွားလေသည်။ ထိုထူးဆန်းသည့် လရောင်စွမ်းအားသည် လေ့ကျင်း၏ ခန္ဓာကိုယ် အတွင်းမှ ရှေးကျပြီး ထူးဆန်းသည့် စွမ်းအားတစ်ခုနှင့် ပေါင်းစပ် သွားလေသည်။

ချင်းရွှမ်လမ်းစဥ် ဆရာသခင် (Part 3) (Myanmar Translation)Donde viven las historias. Descúbrelo ahora