(Unicode)
မနက် ၇နာရီ ထိုးပြီဖြစ်သောကြောင့် ဖုန်း Alarm
လေးမှာ တာဝန်တိကျစွာ အချက်ပေးသံများ မြည်ဟီးနေသော်လည်း မွေ့ယာဖြူဖြူလေးထက်မှ မိန်းကလေးတယောက်ဟာတော့ နိုးထမလာသေးချေ။''ရိပ်ရေ...ရိပ်ထတော့ ၇နာရီထိုးနေပြီ''
အိပ်ပုတ်ကြီးလွန်းလှသော နှောင်းရိပ်သျှင်မှာတော့ အိပ်မက်ကမ္ဘာထဲ ပျော်မွေ့နေဆဲ။
''နှောင်းရိပ်သျှင်...!!!''
ဒေါ်မေနန်း တယောက် ခပ်ကျယ်ကျယ်လေး
အော်ငေါက်လိုက်မှပဲ ထို ကောင်မလေးက
အလန့်တကြား ထလာတော့သည်။ထိုကောင်မလေးက
မိခင်ဖြစ်သူ ဒေါ်မေနန်းအား ဆူပုတ်ကာ ကြည့်လျှက်...''မေမေကလည်းကွာ...အစောကြီးရှိသေးတာကိုး''
ပြောပြောဆိုဆို ဖြင့်စောင်ကိုဆွဲကာ ပြန်လှဲအိပ်တော့မည်အပြု ဒေါ်မေနန်းက ရိပ်၏နားရွက်အား ဆွဲလိမ်လိုက်သည်။
''အား...မေမေ.. ဘာလုပ်တာလဲ..လွှတ်လို့.. အား..နာတယ်''
''နာလား..ဟမ်..ဘယ်အချိန်ရှိပြီလဲ..သေချာပြန်ကြည့်စမ်း''
''အား..သိပြီလို့.. လွှတ်တော့..နာတယ်''
ထိုအခါမှ ဒေါ်မေနန်းက ဆွဲထားသည့်နားရွက်လေး
အား လွှတ်ပေးလေသည်။''ရိပ်...ဒီနေ့ ကျောင်းစတက်ရမယ့်နေ့နော်
ကျောင်းစတက်တဲ့ နေ့ကတည်းက နောက်ကျနေလို့
ဘယ်ဖြစ်မလဲ။ စောစောစီးစီး ထပြီး ပြင်ဆင်မှပေါ့''နှောင်းရိပ်သျှင် ဆိုတဲ့အမျိုးသမီးလေးဟာ အသက် ၁၅နှစ်သာရှိသေးသည့် ၁၀တန်း ကျောင်းသူလေးတဦးဖြစ်သည်။
မိခင်နှင့်အတူ နေချင်သည်ဟုဆိုကာ အဖွားတွေရှိသည့်မန္တလေးမှ ရန်ကုန်သို့ပြောင်း လာခဲ့ခြင်းဖြစ်သည်။
ဒီနေ့က ရိပ်ရဲ့ ပထမဆုံးကျောင်းတက်ရမယ့်နေ့ပေါ့။ကျောင်းအသစ် ကို တက်ရောက်ရမည်ဖြစ်သော်ငြား
ရိပ်ကတော့ ပူပန်ခြင်းမရှိ။ထိုအမျိုးသမီးလေးက
အလွန်အမင်း ဆိုးသွမ်းနေခြင်း မဟုတ်သော်လည်း
သိပ်ခေါင်းမာသည့် ဂျစ်ဂျစ်ကန်ကန် ကလေး
တယောက်ပင်ဖြစ်သည်။
အဖိုး အဖွားတို့ရဲ့ အလိုလိုက်မှုကြောင့်ဆိုပါတော့။
သူမ၏ သမီး ဘယ်လိုပြဿနာတွေများ ရှာလာအုံးမည်
မသိသောကြောင့် တွေးပူနေရသူမှာ မိခင်ဖြစ်သူ
ဒေါ်မေနန်းပင်။

YOU ARE READING
''အချစ်ဟုခေါ်သည်''
Romanceအထက်တန်းပြဆရာမလေး တဦးနှင့် ဆယ်တန်းကျောင်းသူလေးတို့ကြားက ချစ်ခြင်းမေတ္တာအကြောင်း အသားပေးရေးထားခြင်းဖြစ်သည်။