(Unicode)
တဖြည်းဖြည်းနှင့် ရိပ်၏ မျက်နှာသည် စိမ်း၏ မျက်နှာနားသို့
နီးကပ်လာပြီး စိမ်း၏ မျက်လုံးများအား ညှို့အားပြင်းစွာ
စိုက်ကြည့်နေသည်။ ထိုအကြည့်တို့ကြောင့် စိမ်းပါးမို့မို့လေးများ ပန်းနုရောင်ပင် သမ်းလာ၏။အသိပေးခြင်းမရှိ ကျရောက်လာသည့် နှုတ်ခမ်းသားထက်က အနမ်းတပွင့်ကြောင့်
စိမ်း မျက်လုံးကလေးများပြူးသွားရ၏။''ဝုတ်...ဝုတ်''
အချိန်ကောင်းအခါကောင်းမှ ဧည့်ခန်းထဲသို့ ရောက်လာသော မစ်ကီ။ မစ်ကီ့ဟောင်သံကြောင့် ရိပ်ရော စိမ်းပါ လန့်သွားပြီး
ဧည့်ခန်းဝ သို့ကြည့်မိ၏။မစ်ကီကလည်း ထိုမြင်ကွင်းအား
အဆုံးထိ ကြည့်မည်ထင်ပါရဲ့။''ဂရုမစိုက်နဲ့ မမ...ဆက်လုပ်ကြမယ်''
''အမ်...ဘာ...ဘာလုပ်မှာလဲဟင်''
''အော်...ဆက်နမ်း မယ်လို့ ပြောတာလေ''
''ဒါပေမဲ့ ရိပ်... ဧည့်ခန်းကြီးမှာလေ ကွယ်''
''အဲ့တော့''
မျက်ခုံးတဖက် ပင့်ကာမေးလိုက်လေတော့ စိမ်းက
ဧည့်ခန်းဝက မစ်ကီ့ဆီသို့ စောင်းငဲ့ ကြည့်ပြီး...''မစ်ကီ ကြည့်နေတယ်လေ''
''ကြည့်ပါစေ.... သူအားကျလို့ နေမှာပေါ့''
''ဒါပေမဲ့...အင့်...''
စကားပင် ဆုံးအောင် ပြောခွင့်မပေးတော့ပဲ အောက်နှုတ်ခမ်း
ထူထူလေးအား ငုံထွေးကာ ဖြင့်။ အနမ်းတို့ကြား စီးမျောပြီး
မျက်လုံးကလေးများပင် အလိုက်သိ ပိတ်သွားလေ၏။
စိုစိုအိအိ နှုတ်ခမ်းဖူးဖူးလေးဟာဖြင့် ချိုမြသည်မှာ
ပျားရည်လေးတို့အလား။''ဘုတ်''
ပြုတ်ကျသံ တခုကြောင့် စိမ်းမျက်လုံးများ အလန့်တကြား
ပွင့်လာပြီး အနမ်းတို့လည်း ရပ်တန့်သွားခဲ့ရ၏။ အသံလာရာသို့ ကြည့်မိတော့ ကြမ်းပြင်ပေါ်တွင် ပြန့်ကျဲနေသော
ကြက်သွန်နီတို့နှင့်အတူ ပါးစပ်အဟောင်းသားဖြင့် ပြူးကြည့်နေသော ဒေါ်သန္တာ။ ရိပ်ကတော့ စိမ်းမျက်နှာလေးကိုသာ
ငေးကြည့်နေသည်။ ပတ်ဝန်းကျင်ကိုလည်း အာရုံမစိုက်ခဲ့။
ဒါကြောင့်မို့ ဒေါ်သန္တာကိုလည်း သတိမပြုမိခဲ့ပေ။
YOU ARE READING
''အချစ်ဟုခေါ်သည်''
Romanceအထက်တန်းပြဆရာမလေး တဦးနှင့် ဆယ်တန်းကျောင်းသူလေးတို့ကြားက ချစ်ခြင်းမေတ္တာအကြောင်း အသားပေးရေးထားခြင်းဖြစ်သည်။