(Unicode)
🎶 I found a love, for me
Darling, just dive right in and follow my lead
Well, I found a girl , beautiful and sweet
Oh, I never knew you were the someone waiting
for me🎶ဖုန်းလေးဆီမှ ''perfect '' ဆိုသည့် သီချင်းသံသဲ့သဲ့လေး။
ခြံထဲရှိ မီးသီးလေးများနှင့် လမင်းကြီး၏ အလင်းရောင်ကြောင့် လင်းလင်းထင်းထင်းရှိနေသည်။ ခြံထဲရှိ
စံပယ်ပန်းရနံ့တို့ဟာဖြင့် လေပြည်ဝေ့တိုင်းသင်းပျံ့လို့နေ၏။
သို့ပေမယ့်လည်းချစ်ရသူ၏ ကိုယ်သင်းရနံ့ကိုဖြင့်မမှီ။ လက်ထဲမှကော်ဖီပူပူလေးအား တချက်သောက်လိုက်တိုင်း စိုဝင်းသွားသည့်နှုတ်ခမ်းဖူးဖူးလေးဟာဖြင့် စွဲမက်ဖွယ်။ pajamas
နီညိုရောင်လေးနှင့် စိမ်းမှာဖြင့် ညအလင်းရောင်အောက်က
နတ်သမီးလေးတပါးသဖွယ်။ ဒန်းလေးပေါ်မှာ တူတူထိုင်ရင်း
ကောင်းကင်ယံက လမင်းစန္ဒာအား ကြည်နူးစွာကြည့်နေမိသည်။''မမ''
''အင်း ပြောလေ ကလေး''
''ရိပ်ကို ချစ်လားဟင်''
''သိပ်ချစ်တာပေါ့ ကလေးမရယ်''
''ဘယ်လောက်ထိချစ်လဲဟင် မမ''
''ပြောမပြတတ်အောင်ချစ်တယ် ကလေးငယ်''
ရိပ်၏ မျက်လုံးကလေးများအား ကြည်နူးစွာဖြင့်
ကြည့်ကာ ပြောလိုက်သည်။ နဖူးထက်သို့ ဝဲကျနေသော
ဆံနွယ်လေးတို့ဟာလည်း တဖန်လှနေပြန်ပါရော။ ဘယ်လို
ကြည့်ကြည့် လှနေသော စိမ်းမဟာနွယ်ပေါ့။ ရိပ်၏
အချစ်မျက်ဝန်းတို့ကြောင့်ပဲလား။ ရိပ်မျက်လုံးထဲ
မရိုးနိုင်သည့် အလှတို့ဖြင့် အမြဲတစေ လှလို့နေ၏။''မမ ''
''ဟင်''
''မမ သိပ်လှတယ် သိလား''
ရိပ်ထိုစကားအား စိမ်းမျက်ဝန်းတို့အား သေချာကြည့်၍
လေးနက်စွာ ပြောခဲ့ခြင်းဖြစ်သည်။''သိပ်လှတယ် မမရယ်။ သိပ်လှတဲ့ အကြောင်းတွေ
စာဖွဲ့ပြရရင် ပပဝတီတောင် မှီမယ် မထင်ဘူး ''ချောပေ့ လှပေ့ အမျိုးသမီးတွေ အများကြီးတွေ့ခဲ့ဖူးပါရဲ့။
သို့ပေမယ့် မင်းတယောက်ရဲ့ အလှကိုသာ မြတ်နိုး၏။
တခြားသော ဘယ်လိုအမျိုးသမီးကမှ မင်းအလှကို မှီမည်
မထင်။
YOU ARE READING
''အချစ်ဟုခေါ်သည်''
Romanceအထက်တန်းပြဆရာမလေး တဦးနှင့် ဆယ်တန်းကျောင်းသူလေးတို့ကြားက ချစ်ခြင်းမေတ္တာအကြောင်း အသားပေးရေးထားခြင်းဖြစ်သည်။