(Unicode)
ရဲနောင်ဆီမှ ရိပ်၏ နေရာ လိပ်စာ အတိအကျသိသည်နှင့်
ကားသော့အား ယူကာ အိမ်အောက်ထပ်သို့ပြေးဆင်းလာခဲ့သည်။အလောတကြီး ပြေးဆင်းလာသည့် စိမ်းအား
ဒေါ်သန္တာ လှမ်းတားကာ...''စိမ်း...သမီး ဘယ်သွားမလို့လဲဟင်''
''ရ်ိပ် ဘယ်မှာရှိနေလဲ သိရပြီ ဒေါ်လေး
အဲ့ဒါ အခု စိမ်းအဲ့ကို သွားမလို့''ပြာပြာသလဲဖြင့် သွားတော့မည်အပြု ဒေါ်သန္တာ၏
စကားကြောင့် စိမ်း၏ ခြေလှမ်းတို့ ရပ်တန့်သွားခဲ့သည်။''သမီးမာမီ ခဏနေ ရန်ကုန်ရောက်တော့မယ်''
စိမ်း ဒေါ်သန္တာဘက်သို့ ပြန်လှည့်၍...
''မာမီက ဘာလာလုပ်မှာလဲ ဒေါ်လေး''
''စိမ်း.... ဒေါ်လေး သမီးတို့ ရဲ့ အခြေနေတွေအားလုံးကို
ပြောပြလိုက်ပြီ။ သမီး ဒယ်ဒီ လည်းပါလာလိမ့်မယ်။
အခု ဒေါ်လေး လေဆိပ်မှာ သွားကြိုမလို့''ထိုအခါ စိမ်းက ဒေါ်သန္တာအား မျက်နှာလွှဲလိုက်ပြီး...
''အင်း ဒေါ်လေးပဲ သွားကြိုလိုက်ပါ''
ပြောပြီးသည်နှင့် စိမ်း ရိပ်ရှိရာဆီသို့ ကားမောင်း၍
ထွက်လာခဲ့သည်။ အိမ်တွင် ကျန်ခဲ့သော ဒေါ်သန္တာကတော့
အခုချိန်ထိ တင်းမာနေဆဲဖြစ်သော စိမ်းတို့ သားအမိ၏
အခြေနေအား တွေးကာ သက်ပြင်းတို့သာ ချမိတော့သည်။သာမန်တိုက်ခန်းလေး တခန်းရှေ့သို့ စိမ်းရောက်နေပြီး
အခန်းတံခါးခေါက်လိုက်သည့်အခါ လာဖွင့်သည့်
သူကတော့ ချစ်ရသူ နှောင်းရိပ်သျှင် ပေါ့။ သို့ပေမယ့်
ရိပ်၏ မျက်နှာမှာ တင်းမာနေပြီး မျက်ဝန်းတို့ဟာ
မြင်နေကျ နူးညံ့သည့် မျက်ဝန်းတို့မဟုတ်ပေ။ဧည့်ခန်းထဲ၌ စိမ်းစောင့်နေပြီး ခဏအကြာ
ရိပ် ဧည့်ခန်းအတွင်းသို့ ဝင်လာသည်။
လက်ထဲရှိ စာရွက်လိပ်အားစားပွဲပေါ်သို့ ပစ်ပေးလိုက်သည်။ စိမ်း ထို စာရွက်လိပ်လေးအား ဖြည်ကြည့်ပြီးသည်နှင့် မျက်ဝန်းတို့၌ မျက်ရည်စများဝဲတက်လာလေသည်။''ကွာရှင်းရအောင်''
ချစ်ရသူ၏ နှုတ်မှ ထွက်လာသော စကားတခွန်းကြောင့်
မယုံကြည်နိုင်သော မျက်ဝန်းတို့ဖြင့် မော့ကြည့်မိသည်။
ဝေ့သီနေသော မျက်ရည်ဥတို့ကြောင့် ပုံရိပ်တို့ဟာ ဝိုးတိုးဝါးတားသာမြင်ရ၏။ချစ်ရသူကတော့ မိမိဘက်သို့
တချက်မကြည့် မျက်နှာလွှဲကာဖြင့် ။ စိမ်းမတ်တပ်ရပ်လိုက်ပြီး ရိပ်အနားသို့ သွားကာ ဘောင်းဘီအိတ်ကပ်ထဲထည့်ထားသော ရိပ်၏ လက်အားဆုပ်ကိုင်လိုက်ပြီး...

YOU ARE READING
''အချစ်ဟုခေါ်သည်''
Romanceအထက်တန်းပြဆရာမလေး တဦးနှင့် ဆယ်တန်းကျောင်းသူလေးတို့ကြားက ချစ်ခြင်းမေတ္တာအကြောင်း အသားပေးရေးထားခြင်းဖြစ်သည်။