Part-4

7.7K 315 0
                                    

(Unicode)

''ဟဲ့ သမီးရိပ် စားလေကွယ့်''

''ဟုတ် မေမေ''

ရိပ်တယောက် ထမင်းစားပွဲတွင် စိတ်မပါသလိုထိုင်ရင်း
ပန်းကန်ထဲရှိ ထမင်းများအား ဇွန်းဖြင့် ထိုးဆွနေသည်။
ထမင်းက အခုထိအရာမယွင်း။

''ကြီးငွေ ချက်တာတွေ မကြိုက်လို့လား သမီး''

''မဟုတ်ပါဘူး ကြီးငွေရဲ့...ရိပ် ဗိုက်သိပ်မဆာလို့ပါ''

''ဟင်...သမီးဘာတွေ စားထားသေးလို့လဲ ရိပ်ရဲ့''

''ဘာမှတော့မစားရသေးဘူး ကြီးငွေ''

''ရိပ်...တခုခုဖြစ်နေလား မေမေ့ကို ပြောပြလေသမီး''

''ဘာမှမဖြစ်ပါဘူး မေမေရဲ့...ရိပ်အဆင်ပြေပါတယ်''

''အင်းပါ ထမင်းက စားချင်စိတ်မရှိဘူးဆိုရင်လည်း
ဆာတဲ့အခါမှ လာစားပေါ့
ခုတော့ နားချင်သွားနား ဟုတ်ပြီလား''

''ဟုတ်မေမေ အဲ့ဒါဆို ရိပ် အခန်းထဲ သွားတော့မယ်နော်''

''အင်း သွားသွား သမီး''

ရိပ်လည်း ထမင်းစားပွဲလေး ကို ကျောခိုင်းပြီး အိမ်ပေါ်ထပ်က သူမအခန်းလေးဆီသို့ထွက်လာသည်။အခန်းထဲရောက်တော့ ရိပ်က သူမ လွယ်အိတ်ထဲက နာရီလေးအား
ထုတ်ကြည့်ကာ.....

''တကယ်ပဲ ငါနဲ့မတန်ဘူးလား''

•••••••••••••••••••••••••••••

ကျောင်းတက်ရသည့် မနက်ခင်းတခု၌ ရိပ် စာသင်ခန်းအတွင်းသို့ ဝင်ဝင်ချင်း ရိပ်ဆီသို့ အပြေးလာသောသူကတော့ သံစဥ်ချို​ပင်။

''ရိပ်.. ရိပ်.. မနေ့ကလေ ဆရာမ နင့်ကို ရ်ိုက်သေးလား''

''ရိုက်တော့ မရိုက်ပါဘူး...ဆူပဲ ဆူတာ ''

''ဟုတ်လား ငါက နင်အရိုက်ခံရပြီထင်ပြီး ဝမ်းသာနေတာ''

''ဖက်..!!''

''အ့''

သူ့ကို တမင်စနောက်နေသော သံစဥ်လက်မောင်းအား
ရိပ် ခပ်ဖွဖွ ရိုက်လိုက်သည်။

''ဟွန့်...အေးနင်မှတ်ထား...နင့်ကလှည့်ကျရင်လေ
ငါက ပျော်လွန်းလို့ထပါကပြအုံးမှာ သိလား''

''အချစ်ဟုခေါ်သည်''Where stories live. Discover now