(Unicode)
''ဒါနဲ့ ရိပ်...နင်ရော..ဆရာမ ကိုဖွင့်မပြောသေးဘူးလားဟင်''
''ဟမ်...ဘယ်..ဘယ်ဆရာမကိုလဲ ..ရိပ်က
ဘယ်ဆရာမကို...''ဒီနေ့အတွက် အံ့သြပြီးရင် အံ့သြနေရသူမှာ သံစဥ်တယောက်ပေါ့။ ဝတ်ရည်ကို တလှည့် ရိပ်ကို တလှည့်ကြည့်ကာဖြင့်
ကြောင်တောင်တောင်လေး ဖြစ်နေလေ၏။''ဆရာမစိမ်းကိုလေ...ရိပ်က ဆရာမကို ချစ်နေတာ
ကြာလှပြီ..''''ဟုတ်လား..ရိပ်''
''အင်း''
''ဖက်''
ဒီတခါ သံစဥ့်၏ လက်ဆအား မြည်းလိုက်ရသူမှာ
ရိပ်ပေါ့။ လက်ဆကတော့ စိမ်းမဟာနွယ်နှင့် ညီအမ
တော်သလားပဲ။ စပ်ဖျင်းဖျင်းဖြစ်သွားသော လက်မောင်းလေးအား ပွတ်ကာဖြင့် သံစဥ့်အား အချိုသပ်ပြုံးပြလိုက်လေသည်။''နင်တို့ နှစ်ယောက်လုံး မကောင်းကြဘူး။
ငါ့ကိုလျှိုထားကြတယ်''''အဲ့လိုတော့ မဟုတ်ပါဘူးဟ... ငါလည်း..
အချိန်တခု ရောက်ရင် ပြောပြမလို့ပါပဲဟာ
စိတ်မဆိုးပါနဲ့နော်''''ဟုတ်တယ် သံစဥ်ရဲ့...စိတ်မဆိုးနဲ့နော်..
နင့်ကို လျှိုထားတာ မဟုတ်ပါဘူး''ရိပ်နှင့် ဝတ်ရည်တို့ သံစဥ့်ကို ဝိုင်း၍ ချော့ရလေတော့သည်။
နှစ်ယောက်လုံးက အတိုင်ပေါက်ညီစွာ ချော့နေကြတော့
သံစဥ့်ဘက်က လည်း တထစ်လျှော့ပေးလိုက်သည်။''ဟွန်း...ဒီတခါတော့ လျှော့ပေးလိုက်မယ်
နောက်တခါဆိုရင်တော့ နင်တို့ကို လုံးဝ
စကားမပြောတော့ဘူး''''အေးပါ... နောက်မဖြစ်စေရဘူးနော်..ဟီးဟီး''
''ဟုတ်တယ်...နောက်တခါဆိုတာ မရှိစေရဘူး''
''ဟုတ်ပါပြီ..ပြီးတာပါပဲ''
''ရိပ် ငါမေးထားတာ ပြန်ဖြေအုံး...
နင်ဖွင့်မပြောတော့ဘူးလား''ထိုအခါ ဝတ်ရည်ရော သံစဥ်ပါ ရိပ်၏ အဖြေအား မျှော်လင့်
ကာ ရိပ်အားကြည့်နေကြသည်။ ရိပ် ခေတ္တမျှနှုတ်ဆိတ်ပြီးနောက်....''ငါဖွင့်ပြောသင့်လား''
''သေချာတာပေါ့ ဖွင့်ပြောသင့်တာပေါ့''
YOU ARE READING
''အချစ်ဟုခေါ်သည်''
عاطفيةအထက်တန်းပြဆရာမလေး တဦးနှင့် ဆယ်တန်းကျောင်းသူလေးတို့ကြားက ချစ်ခြင်းမေတ္တာအကြောင်း အသားပေးရေးထားခြင်းဖြစ်သည်။