Part-47

5.1K 227 4
                                    

(Unicode)

''ခြူး.... ဝတ်ရည်ကလေ...ရိပ်ကို...ထားခဲ့ပြီ''

''.........''

''သူ ထွက်သွားပြီ ခြူးရဲ့....တကယ်ထွက်သွားခဲ့ပြီ''

ခြူး ရိပ်၏ ပခုံးလေးအား ပွတ်ပေးပြီး နှစ်သိမ့်ပေးနေရ၏။
ဝတ်ရည်က ရိပ်နှင့် အနီးကပ်ဆုံးရှိနေခဲ့သည့်သူငယ်ချင်းတယောက်မို့ ရိပ်အနေနဲ့ အတော်လေးခံစားနေရမည်ဆိုတာကိုလည်း ခြူးသိသည်။

''ဘာကြောင့်များ....ဘာကြောင့်များ.... အဲ့လောက်တောင်
ရက်စက်ရတာလဲ....အဲ့...ရောဂါကလေ...ဘာကြောင့်များ
ဝတ်ရည်ဆီမှာမှ...လာဖြစ်ရတာလဲ''

''...........''

''ကံကြမ္မာကြီးက...ရက်စက်လိုက်တာကွာ...''

အရက်တွေမူးနေပြီး ရင်ထဲက ထွက်လာသမျှစကားများအား
ကြေကွဲစွာ ဆိုလာသော ရိပ်အား ခြူးဂရုဏာသက်စွာ
ကြည့်နေမိ၏။ ရိပ် စိတ်ညစ်တဲ့အခါတိုင်း လာနေကျ
Bar တခုမှာပေါ့။ အခုလည်း မေ့ဖျောက်နိုင်လေမလားဆို
သည့် မျှော်လင့်ချက်ဖြင့် ထို Bar သို့ရောက်လာခဲ့ခြင်းဖြစ်၏။ သို့ပေမယ့်လည်း လောကကြီးထဲ သူငယ်ချင်းဖြစ်သူ
ဝတ်ရည်ငယ် မရှိတော့ဘူး ဟူသည့်အသိကြီးက မေ့ဖျောက်မရခဲ့။

''ရိပ်ရယ်...ခြူး...ရိပ်ကို နားလည်ပါတယ်''

''ရိပ် မခံစားနိုင်တော့ဘူး...ခြူးရယ်''

ထိုစကားအား ပြောပြီးသည့်နှင့် ရိပ် စားပွဲခုံပေါ်သို့ ခေါင်းမှောက်ချလိုက်သည်။ ​ခေါင်းတခုလုံးလည်း ခြာခြာလည်အောင်မူးနေပြီး ရိပ် လုံးဝအသိမကပ်နိုင်တော့ပေ။

​ခြူး ရိပ်၏ မျက်နှာလေးအား ငေးကြည့်နေမိသည်။
နှဖူးထက်သို့ ဝဲကျနေသော ဆံနွယ်တို့အား လက်ဖြင့်
သပ်တင်ပေးလိုက်ပြီး နှဖူးထက်သို့ အနမ်းတပွင့်
နမ်းရှိုက်လိုက်လေ၏။ အသိမကပ်တော့သည့် ရိပ်ကတော့
ထိုအရာအား မခံစားမိနိုင်။ ထို အနမ်းတပွင့်ဟာ
အိမ်ထောင်သည်ဆိုသည့် စည်းတခုကြောင့် မသင့်တော်
မှန်းသိနေပါသော်လည်း နှလုံးသားထဲမှ စိတ်ဆန္ဒတွေဟာ
အတ္တအသွင် ကူးပြောင်းသွားခဲ့တော့ ဘာများတတ်နိုင်ပါ့
မလဲ။

''အချစ်ဟုခေါ်သည်''Where stories live. Discover now