(Unicode)
ရိပ် ကျောင်းခန်းထဲသို့ ရောက်သော် ရိပ်ရဲ့ သူငယ်ချင်းသုံးယောက်ကတော့ စိုးရိမ်စွာဖြင့် အဆင်ပြေလား
မေးကြလေသည်။''ရိပ် နေကောင်းသွားပြီလား''
''အင်း ရွှန်းလဲ့''
''ရိပ်ရယ် မျက်နှာလေးတောင် ချောင်ကျသွားလိုက်တာ''
''အေးလေ ရိပ်ရယ် စာမေးပွဲကလည်း သဘက်ခါဆိုဖြေရတော့မှာလေ ငါတို့က စိတ်ပူနေတာ''
ဝတ်ရည်၏ အပြောအား သံစဥ်ကပါ ထောက်ခံစွာဖြင့်
ပြောလာသည်။ထိုသို့ သူငယ်ချင်းများက ဝိုင်းပြီး
စိတ်ပူပေးကြလို့ ရိပ်လည်း ကျေနပ်မိပါသည်။ အနည်းဆုံးတော့ စိတ်ပူပေးတဲ့သူတွေ ရှိနေသေးပါလား။''အင်းပါ ငါလည်းစာတွေရနေပါပြီဟ။
ပြီးတော့ နေလည်းကောင်းသွားပါပြီ။''ရိပ်၏ သူငယ်ချင်းများအား မျက်လုံးလေးများမှေးသွားသည်အထိ ပြုံးပြလိုက်သည်။စိမ်း ပြောခဲ့ဖူးသည့်
စကားလေး တခုကို ရိပ်အမှတ်ရ သွားခဲ့သည်။
ဟုတ်တာပေါ့။ တခါတလေ အဲ့ဒီအပြုံးလေး တခုနှင့်
ခံစားချက်တွေကို ဖုံးကွယ်ထားရတာပေါ့။
ဒီလိုနဲ့ စာသင်ချိန်တွေတရွေ့ရွေ့ ကုန်ဆုံးသွားပြီး
ရိပ်အမြဲစောင့်နေခဲ့တဲ့ အဂ်လိပ်စာ အချိန်သို့ရောက်လာသည်။စိမ်း အခန်းထဲဝင်လာသည့်နှင့် မြင်လိုက်ရသည့်
ရိပ်ရဲ့ မျက်နှာလေးကြောင့် အလိုလိုပြုံးမိသည်။
နှလုံးသားနဲ့ရင်းပြီး ချစ်မိတဲ့အခါ ကိုယ့်စိတ်ကို ကိုယ်မပိုင်တော့ဘူး။ အချစ်ဆိုတဲ့ အဲ့ဒီစိတ်ခံစားချက်က စိုးမိုးသွားခဲ့ပြီ။''ကဲ ကလေးတို့ မနေ့က ဆရာမသင်ခဲ့တဲ့
No sooner than.. note လေး တခေါက်ပြန်ဆိုမယ်
မရရင် စာအုပ် ကြည့်ဆိုလို့ရတယ်
မနက်ဖြန်တော့ တတန်းလုံး ရနေရမယ်နော်''''ဟုတ်''
ကျောင်းသားအားလုံး ထို note အားစပြီး ဆိုကြတော့သည်။
သံစဥ်က နဂိုကတည်းက တနေ့စာတနေ့ကျက်သည့်သူမို့
အလွတ်ဆိုသောကြောင့် စာအုပ်ကိုပိတ်ထားမိသည်။
မနေ့က ကျောင်းမလာ၍ ဘာမှမသိသည့် ရိပ်အား
သံစဥ်မေ့သွားခဲ့သည်။ရိပ်လည်း သံစဥ် စာကို ဂရုတစိုက်ဆိုနေသည့်အချိန်မို့ စာအုပ်ပြရန် မပြောဖြစ်ခဲ့။တတန်းလုံးရှိ ကျောင်းသားများ ပြိုင်တူရွတ်နေကြသည့် အချိန်
ရိပ်တယောက်ကတော့ ကြောင်တောင်တောင်လေးဖြစ်နေခဲ့တာပေါ့။
![](https://img.wattpad.com/cover/326435404-288-k254141.jpg)
YOU ARE READING
''အချစ်ဟုခေါ်သည်''
Romanceအထက်တန်းပြဆရာမလေး တဦးနှင့် ဆယ်တန်းကျောင်းသူလေးတို့ကြားက ချစ်ခြင်းမေတ္တာအကြောင်း အသားပေးရေးထားခြင်းဖြစ်သည်။