Part-38

5K 227 2
                                    

(Unicode)

''မနက်ဖြန်အားလား ရိပ်''

''မနက်ဖြန်လား...မနက်ဖြန်က ပိတ်ရက်ဆိုတော့
မမနဲ့ သွားစရာရှိတယ် ခြူးရဲ့''

ထိုစကားလေးကြောင့် မျှော်လင့်နေသော မျက်ဝန်းလေးတစုံဟာ ရုတ်ချည်း ညှိုးကျသွားခဲ့သည်။

''အော်...အင်းပါ''

''ဒါနဲ့ ဘာလို့လဲ ခြူး''

''အမ်...ဒီအတိုင်း မေးကြည့်တာပါ''

ထိုအခါ ရိပ်ကလည်း အင်းပါ ဆိုသည့်သဘောဖြင့်
ခေါင်းတဆတ်ဆတ်ညိတ်ပြလိုက်ပြီး လုပ်စရာရှိသည့်
စာကိုသာ ဆက်လုပ်နေသည်။ခြူးမှာတော့ ရိပ်၏
မျက်နှာလေးအား ငေးကြည့်လျှက် မျက်ရည်လေးများဝေ့သီလို့ပေါ့။

''ရိပ်''

''ဟင်''

စာလုပ်နေရင်းနှင့်ပင် မေးလေးငေါ့ကာ ပြန်တုန့်ပြန်လိုက်သည်။ အကြည့်တို့ဟာလည်း စာအုပ်တွင်သာ ရှိနေဆဲ။
အကယ်၍ ''ရိပ်''ဆိုသည့် နာမ်စားလေးအား ခေါ်လိုက်သူမှာ
ခြူး မဟုတ်ပဲ စိမ်းမဟာနွယ် ဖြစ်နေခဲ့လျှင်ရော။

နှလုံးသားထဲမှာ စူးနစ်လာသည့် ခံစားချက်တို့ဟာ
သေမတက်နာကျင်ရပါသည်။ မျက်ဝန်းထဲက မျက်ရည်စတွေနဲ့ နှလုံးသားထဲမှ ချစ်ခြင်းမေတ္တာတို့အား ချစ်ရသူ
မသိလေရော့လား။မလွန်ဆန်နိုင်သည့် နှလုံးသား၏
အလိုတော်အတိုင်း နှုတ်မှ ဖွင့်ဟဝန်ခံလိုက်ပါသော
ထိုစကား....

''ချစ်တယ် ရိပ်...သိပ်ချစ်တယ်''

ဘောပင်ကိုင်ထားသည့် ရိပ်၏ လက်ကလေးဟာ ရုတ်တရက်  ရပ်တန့်သွားခဲ့တော့သည်။ မယုံကြည်နိုင်သော
မျက်လုံးကလေးများဖြင့် မော့ကြည့်မိသည့်အခါ ကြုံဆုံလာသည့် အကြင်နာမျက်ဝန်းတစုံ။ ဘာစကားပြန်ပြောရမလဲပင်မသိတော့ပဲ မယုံကြည်နိုင်အောင် အံ့သြနေမိသည်။

''ခြူး...ရိပ်ကို...ချစ်နေခဲ့တာ..အတော်လေးကြာခဲ့ပြီ''

ရိပ် ပါးစပ်အဟောင်းသားဖြင့်သာ ဆွံ့အနေခဲ့၏။
သို့ပေမယ့်လည်း ထိုအခြေနေအား ဖြိုခွင်းရန် လိုအပ်လာသည်မို့ ရိပ်ဘက်က ပြန်၍ တုန့်ပြန်ရတော့သည်။

''အချစ်ဟုခေါ်သည်''Where stories live. Discover now