(Unicode)
သံစဥ်နှင့် ရွှန်းလဲ့တို့ မရောက်သေးရွေ့ ဝတ်ရည်နှင့်
ရိပ် နှစ်ယောက်သာ ရှိနေသည်။ သို့သော် နှစ်ယောက်သား
အတွေးကိုယ်စီဖြစ်နေသည်မို့ နှစ်ယောက်ကြားက
လေထုဟာ အေးစက်လို့နေသည်။ ဝတ်ရည်က နောက်တန်းဘက်သို့လှည့်လာပြီး....''ရိပ်''
''ဟင်''
ရိပ်လည်း မျက်လုံးလေးပြူး၍ မော့ကြည့်လာသည်။
'' နင်ချစ်ဖူးလားဟင်''
ရိပ်နှင့် ဝတ်ရည်တွေးနေကြသော အတွေးတို့မှာ နီးစပ်နေ
သယောင်။ ရိပ်လည်း ထိုအရာကို အဖြေရှာချင်နေသည်။''အချစ်က ဘာလဲဟင် ဝတ်ရည်''
''ဟမ်''
ထိုအခါ ဝတ်ရည်ကလည်း ကြောင်တောင်တောင်လေး
ဖြစ်လို့ ပါးစပ်အဟောင်းသားနှင့်ပေါ့။''နင်...နင်က ငါ့ကို ပြန်မေးနေရလား ရိပ်ရဲ့
ငါမသိလို့ပါဆို''''ငါလည်း မသိဘူးလေဟ''
ထိုအခါ နှစ်ယောက်သား သက်ပြင်းပြိုင်တူချမိတော့သည်။
ဝတ်ရည်က ရိပ်အား မျက်ခုံးလေးပင့်ကြည့်ကာဖြင့်...'' အချစ် အကြောင်းကို နင်က ဘာလို့သိချင်တာလဲ''
''ငါလေ လူတယောက်ကို ချစ်မိနေပြီထင်လို့''
''ဟမ်...တကယ်ကြီလား''
ဝတ်ရည်က အံ့သြကာဖြင့် မေးလာတော့သည်။
''အင်း...ဒါနဲ့ နင်ကရော ဘာလို့မေးတာလဲ ''
ထိုအခါ ဝတ်ရည် နှုတ်ဆိတ်နေမိသည်။ ဖွင့်ပြောမိဖို့
သတ္တိမရှိခဲ့ဘူး။ ကိုယ်ရဲ့ ခံစားချက်ကို ကိုယ်တိုင်
နားမလည်သေးသည်မို့ ဖွင့်ဟမပြောချင်ပါ။
သို့ပေမယ့် ရိပ်တို့ဟာ အခင်ရဆုံးသူငယ်ချင်းတွေ
ဖြစ်သည်မို့ နှလုံးသားက သေချာပြီဆိုတဲ့ တနေ့တော့
ဝတ်ရည် ပွင့်ပွင့်လင်းလင်း တိုင်ပင်မှာပါ။''အာ...ငါက ဒီအတိုင်းပဲ မေးတာပါ။ နင်... ဘယ်သူ့ကို
ချစ်မိနေတာလဲ...ဟင်''''ငါ တကယ်ပြောပြရမှာလားဟင်''
''အင်း ပြောပြပါ။ ငါ့ကို တိုင်ပင်လို့ရပါတယ်''
YOU ARE READING
''အချစ်ဟုခေါ်သည်''
Romanceအထက်တန်းပြဆရာမလေး တဦးနှင့် ဆယ်တန်းကျောင်းသူလေးတို့ကြားက ချစ်ခြင်းမေတ္တာအကြောင်း အသားပေးရေးထားခြင်းဖြစ်သည်။