Part-22

6.8K 249 0
                                    

(Unicode)

''ရိပ် တောင်းပန်ပါတယ် မမရယ်။
အဲ့လို နင်တွေ ငါတွေနဲ့ မပြောပါနဲ့လားဟင်''

ငိုသံလေးများနှောကာ မျက်နှာငယ်လေးဖြင့် ပြောလာသည့်
ရိပ်ကြောင့် စိမ်း သတိပြန်ကပ်မိပြီး အတတ်နိုင်ဆုံး စိတ်ကို
လျှော့ချလိုက်သည်။

''sorry ရိပ် ။ မမ လွန်သွားတယ်။ မမ မအော်လိုက်သင့်ဘူး''

စိမ်း သူ့ရှေ့က ခေါင်းလေးငုံ့ကာ ရပ်နေသော ရိပ်အား
ကြည့်ကာ စိတ်မကောင်းဖြစ်မိရသည်။

''ရိပ် မမကို အမှန်တိုင်းဖြေနော် ဟုတ်ပြီလား
လက်က ဒဏ်ရာက ဘယ်လိုဖြစ်တာလဲ''

ချော့ပြောလိုက်တော့မှ မျက်ရည်ဥကလေးတွေပြည့်နေတဲ့
မျက်ဝန်းလေးဖြင့် မော့ကြည့်ကာ....

''ရိပ် ရန်ဖြစ်လာတာပါ''

''ဘယ်လို...ရန်ဖြစ်တယ် ဟုတ်လား''

''ဟုတ်''

''ဘယ်သူနဲ့ ဖြစ်တာလဲ။ ဘာလို့ရန်ဖြစ်ရတာလဲ''

''အဲ့ကောင်က ရိပ်သူငယ်ချင်းကို အရင်ရန်လာစတာ''

''အဲ့တော့ ယောကျာ်လေးနဲ့ ဖြစ်လာတာပေါ့''

''ဟုတ်''

''ရိပ်ဘက်က ခံလာရတယ်ပေါ့''

''ဟွန်...မမကလည်း ရိပ်များအထင်သေးလို့...
ရိပ် သတိတချက် လွတ်သွားလို့ နည်းနည်းထိသွားတာ
ရိပ်ကနော်..သူ့ဗိုက်ကို..ဒီလို..ဒီလို..ဆောင့်ကန်လာတာ''

ဟန်ပန်အမူအရာဖြင့်ပါ မကျေမနပ်ပြန်ပြောလာသော ရိပ်အား ကြည့်ကာ စိမ်းအသံထွက် ရယ်မိတော့သည်။

''ကဲပါ ဟုတ်ပါပြီ။ ဘာကြောင့်ပဲ ဖြစ်ဖြစ် ရန်ဖြစ်တယ်ဆိုတာ
နှစ်ဦးနှစ်ဖက်စလုံးအတွက် မကောင်းဘူးရိပ်ရဲ့။
နောက်ဆို ရန်မဖြစ်ရဘူးနော် ကြားလား''

''ဟုတ်''

''အင်း ဒါပေမဲ့ ခုနက မမကို လိမ်တဲ့အတွက်တော့
အပြစ်ပေးခံရမယ်''

''ရှင်''

''မရှင်နဲ့.... လိမ်တဲ့ကလေးတွေဆို မမက မချစ်ဘူး''

ထိုစကားကြောင့် ရိပ်နှုတ်ခမ်းလေးဆူလိုက်မိသည်။

''ကဲ အခု မမအိမ်ကိုသွား ပြီးရင် ဒေါ်လေးဆီက
ကြိမ်လုံးသွားတောင်းလာခဲ့''

''အချစ်ဟုခေါ်သည်''Where stories live. Discover now