(Unicode)
နံရံပေါ်က နာရီလက်တံဟာ ၁၀နါရီအတိကို ညွှန်ပြနေပြီ။
စိမ်း ရိပ်အား ဧည့်ခန်း၌သာ ထိုင်စောင့်နေ၏။ ဒီရက်ပိုင်း
အိမ်ပြန်နောက်ကျသည့်ရက်များ အတော်လေးများလာပြီ ဖြစ်သည်။ မတော်တဆတခုခုများဖြစ်နေပြီလား ဆိုသည့်
စိတ်နှင့် စိတ်ပူရသလို ဖောက်ပြန်နေသလားဆိုသည့်
သံသယစိတ်တို့ကလည်း ဝင်ရောက်လာရပြန်သည်။အိမ်ရှေ့မှ ကားစက်သံကြောင့် စိမ်းအိမ်ရှေ့သို့ အမြန်လေးသွားလိုက်သည်။ကားပေါ်မှ ဆင်းလာသည့် ရိပ်၏ မျက်နှာဟာ မလန်းဆန်းပေ။ တခုခုအားစိတ်ညစ်နေသည့်အလား။
စိမ်း ရိပ်၏ လက်ထဲက အိတ်လေးအား လှမ်းယူလိုက်သည်။
ရိပ်ကတော့ စိမ်းအားဘာမှမပြောပဲ ဖိနပ်ချွတ်ပြီးသည့်အခါ
အိမ်ပေါ်ထက်သို့ တက်သွားခဲ့သည်။ စိမ်း ရိပ်၏ ကျောပြင်လေးအားငေးကြည့်ရင်း အိမ်ပေါက်ဝ၌သာ ရက်ကျန်နေခဲ့၏။ စိမ်းလည်း သက်ပြင်းခပ်ဖွဖွ ချမိလိုက်သည်။ ထို့နောက် ရိပ် ချွတ်ထားခဲ့သည့်ဖိနပ်လေးအား ဖိနပ်စင်ပေါ်တွင် သပ်သပ်ရပ်ရပ် လေးတင်လိုက်ပြီး အိမ်တံခါးများအား
ပိတ်ပြီးနောက် အိမ်ပေါ်သို့တက်လာခဲ့သည်။စိမ်း အခန်းထဲရောက်သည့်အခါ ရိပ်က ရေချိုးခန်း
ထဲ၌ ရေချိုးနေပြီ။ စိမ်းလည်း မအိပ်သေးပဲ ရိပ်အား
စောင့်နေ၏။ ရိပ် ရေချိုးခန်းထဲက ထွက်လာသည့်အခါ
စိမ်း ကသဘတ်လေး လှမ်းပေးလိုက်သည်။ ရိပ်အတွက်
ညဝတ်အကျီလေးကိုပါ အဆင်သင့်ထုတ်ထားပေး၏။
ရိပ် အဝတ်အစားလဲပြီးသည်အထိ စိမ်းစိတ်ရှည်ရှည်ဖြင့်
စောင့်ပေးနေသည်။''ရိပ်''
''ပြောလေ မမ''
ရိပ်က အကျီကြယ်သီး တပ်နေရင်းမှ မေးငေါ့ကာ ပြောလိုက်သည်။
''ထမင်းစားတော့မလား ရိပ်''
''ရိပ် စားပြီးပြီ မမ''
''ဟို ရိပ်... ဒီရက်ပိုင်း အိမ်ပြန်နောက်ကျတယ်နော်''
''ရိပ် အလုပ်လုပ်နေတာ မမ
အားအားယားယား အလေလိုက်နေတာ မဟုတ်ဘူး''စိမ်း မေးလိုက်ခြင်းသည် ဒေါသအသံနှင့်လည်း မဟုတ်
သာမန်လေသံလေးဖြင့်သာ မေးလိုက်ခြင်းဖြစ်၏။
စိတ်ရှုပ်ဟန်ဖြင့် တုန့်ပြန်လာသော ရိပ်ကြောင့် စိမ်းလည်း
စိတ်မကောင်းဖြစ်ရသည်။
YOU ARE READING
''အချစ်ဟုခေါ်သည်''
Romanceအထက်တန်းပြဆရာမလေး တဦးနှင့် ဆယ်တန်းကျောင်းသူလေးတို့ကြားက ချစ်ခြင်းမေတ္တာအကြောင်း အသားပေးရေးထားခြင်းဖြစ်သည်။