(Unicode)
''ငါ့တပည့်လေးက လိမ္မာလိုက်တာ။
အမှန်တရားတွေ သိပ်ပြောတာပဲ။
သူ့လိုလူက ဆရာမသာမယူရင် ယူမယ့်သူတောင်
ရှိမှာ မဟုတ်ဘူး''ကလျာ၏ အပြောကြောင့် စိမ်းရော ရိပ်ရော ရယ်မိကြလေသည်။ ရဲနောင်ကတော့ နောက်မှ နင်နဲ့ငါတွေ့မယ် ဆိုတဲ့ အထာနှင့် ရွဲ့ကာ ပြုံးပြလိုက်၏။
''မဂ်လာဆောင်ကျရင် လာခဲ့နော် ညီမလေး''
''ဟုတ်ကဲ့''
ခုနကလို ဘုကလန့်မဟုတ်ပဲ ရဲနောင်အား ချိုချိုသာသာလေး
ပြောဆိုနေလေသည်။'' ရိပ်ရေ ခုထိ မစွံသေးတဲ့ သမီး ဆရာမနဲ့ တူတူလာခဲ့
သိလား''စိမ်းအား တမင်စကာ ပြောနေသည့် ကလျာ့စကားကြောင့်
ရိပ်လည်း တခစ်ခစ်ရယ်လေသည်။ စိမ်းတယောက်ကတော့
ပြုံးစိစိဖြင့်သာ။''ဒါဆို ငါတို့ ပြန်ပြီနော် စိမ်း''
''အေးအေး ကလျာ''
ရဲနောင်တို့ ပြန်သွားပြီးနောက် စိမ်းလည်း ရိပ်မျက်နှာချင်းဆိုင်က ခုံလေးမှာ ဝင်ထိုင်လိုက်သည်။
ထို့နောက် phy မေးခွန်းဟောင်း စာအုပ်အား ဖွင့်ကာ
ယနေ့တွက်ရမယ့် ပုစ္ဆာများအားရွေးနေသည်။''မမစိမ်း''
ရိပ် မဝဲ့မရဲလေး ခေါ်လိုက်သည့်အခါ စိမ်းက စာရွက်လှန်နေရင်းမှ ပြောဆိုသည့်သဘောဖြင့် မေးငေါ့ပြသည်။သို့သော်
စာရွက်ပေါ်က ပုစ္ဆာတို့ကိုသာ ကြည့်နေပြီး ရိပ်ကို တချက်ပင်မကြည့်။''ဟိုလေ... ရိပ်ကို စိတ်ဆိုးနေသေးလားဟင်''
ထိုအခါ စိမ်းက စာအုပ်လေးအား ပိတ်ချလိုက်ပြီး
ရိပ်အား ကြည့်ကာ....''ဘယ်လိုထင်လို့လဲ''
''ဟင့်အင်း....ရိပ်မသိဘူး''
''စိတ်မဆိုးတော့ပါဘူး''
''တောင်းပန်ပါတယ်''
''မမ စိတ်မဆိုးတော့ဘူးလို့ ပြောနေတယ်လေ
ဘာလို့ ထပ်တောင်းပန်နေတာလဲ''''ဒီအတိုင်း....မမ..စိတ်ဆိုးနေသေးတယ် ထင်လို့''
ထိုအခါ စိမ်းက ရိပ်၏ ပါးလေးအားခပ်ဖွဖွဆွဲညှစ်ပြီး....
![](https://img.wattpad.com/cover/326435404-288-k254141.jpg)
YOU ARE READING
''အချစ်ဟုခေါ်သည်''
Romanceအထက်တန်းပြဆရာမလေး တဦးနှင့် ဆယ်တန်းကျောင်းသူလေးတို့ကြားက ချစ်ခြင်းမေတ္တာအကြောင်း အသားပေးရေးထားခြင်းဖြစ်သည်။